ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယအကြိမ် ပါတီညီလာခံ(၂ဝ၁၆) တတိယနေ့ အခမ်းအနားတွင် ပါတီဥက္ကဋ္ဌ ဦးသန်းဌေးပြောကြားသော မိန့်ခွန်းကောက်နှုတ်ချက်

“ညီလာခံအဖွင့်တွင် မိန့်ကြားခဲ့သည့် ဥက္ကဋ္ဌကြီး ဦးသိန်းစိန်၏ မိန့်ခွန်းတစ်ရပ် လုံးသည်လည်း လိုက်နာ အကောင် အထည်ဖော်ရမည့် လုပ်ငန်းလမ်းညွှန် ချက်များဖြစ်ပါတယ်။ ယင်းလုပ်ငန်းလမ်းညွှန်ချက်များကို အကောင်အထည် ဖော်ရန် မိမိတို့တွင် မည်သို့သောအားနည်းချက်၊ အားသာချက် ရှိသလဲ ဆိုသည်ကိုလည်း ပြန်လည်ဆန်းစစ်ခဲ့ပြီး ဖြစ်ပါတယ်။

ပါတီအတွင်းတွင် ပညာတတ်များ မြောက်မြားစွာရှိပါတယ်။ ပါတီဝင်အင်အား ငါးသန်းကျော်ရှိသည့် အနက် သက်ငယ်၊ သက်လတ် ပါတီဝင်ပေါင်း သုံးသန်း ကျော်ရှိပါတယ်။ ပြည်သူ့အကျိုးကို ကျရာနေရာမှ သယ်ပိုးလိုသော မွန်မြတ် သည့် စိတ်ထားအခြေခံများ ရှိပြီးဖြစ်ပါတယ်။ ဒါ့ကြောင့် စေတနာအား၊ ပညာအားနှင့် နုပျိုတက်ကြွမှုတွေ ပိုင်ဆိုင်ထားပြီး ဖြစ်သောကြောင့် ညီညွတ်မှု အားနှင့်အတူ ပြည်သူနှင့် လက်တွဲကြရန် လိုပါတယ်။

မိမိတို့သည် ယခင်အကြီးအကဲများနှင့် နှိုင်းယှဉ်လျှင် ထိုက်သင့်သည့် ပျိုရွယ် မှုနှင့်လုပ်အား ရှိသေးသည်ဆိုသော် လည်း သင်္ခါရဓမ္မအရတစ်ချိန်တွင် နောင်မျိုးဆက်များကို ပခုံးပြောင်းပေးကြရမှာ ဖြစ်ပါတယ်။

အချိန်အခါသင့်လျှင် မိမိတို့ထံ ရောက်ရှိလာမည့်တာဝန်များအတွက် နောင်မျိုးဆက်သစ်များအနေဖြင့် အမြဲအသင့်ရှိကြစေလိုပါတယ်။”

သြဂုတ် (၂၄) ရက် နံနက် ၈ နာရီခွဲက နေပြည်တော်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီပါတီ ဌာနချုပ် ညီလာခံခန်းမ၌ ကျင်းပခဲ့သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယအကြိမ် ပါတီညီလာခံ(၂ဝ၁၆) တတိယနေ့ အခမ်းအနားတွင် ပါတီဥက္ကဋ္ဌ ဦးသန်းဌေးပြောကြားသော မိန့်ခွန်းမှ ကောက်နှုတ်ဖော်ပြပါသည်။


Leave a Reply