အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ကျေးရွာ ပြည်သူလူထုနှင့်တွေ့ဆုံ

 

၂ဝ၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင် အမ်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်အတွက် ပြည် ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသောင်းငြိမ်းနှင့်အဖွဲ့သည် အမ်းမြို့နယ် လုံးကောက်ကျေးရွာအုပ်စု လောင်းလုံးကျေးရွာ လယ်ကွင်းပြင် တွင် ယခုလ ၁၆ ရက် မွန်းလွဲ ၂ နာရီက လောင်းလုံးကျေးရွာအတွင်းရှိ မဲဆန္ဒရှင် ပြည်သူလူထုနှင့် တွေ့ဆုံခဲ့သည်။

အဆိုပါကျေးရွာလူထုတွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရခိုင်ပြည်နယ်၏ ပြည်နယ် ပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ၊ ပြည်နယ်ပါတီအတွင်းရေးမှူး ဦးသန်းဝေ၊ ပြည်နယ်ပါတီကော်မတီဝင် ဦးလှထွန်း၊ ဦးတင်အောင် (ပြည်နယ်လွှတ်တော် ကိုယ်စား လှယ်ဟောင်း)၊ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသောင်းငြိမ်း၊ မြေပုံမြို့နယ်ပါတီဥက္ကဋ္ဌ ဦးခင်မောင်လွင်၊ မြောက်ဦးမြို့နယ် ပါတီဥက္ကဋ္ဌ ဦးမောင်လှဝေ၊ ရသေ့တောင်မြို့နယ် ပါတီဥက္ကဋ္ဌ ဦးဝေကျော်အောင်နှင့် အမ်းမြို့နယ် ပါတီကော်မတီဝင်များ၊ မြို့နယ်ရွေးကောက်ပွဲ အောင်နိုင်ရေးကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

တွေ့ဆုံပွဲတွင်ဒေါက်တာစန်းရွှေက လက်ရှိမြန်မာ့နိုင်ငံရေး အခြေအနေများနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ဦးသန်းဝေက လက်ရှိ ရခိုင်နိုင်ငံရေး အခင်းအကျင်းများနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ဦးတင်အောင်က မဲပေးရာတွင် စနစ်တကျ မဲပေးကြရန်နှင့် ပယ်မဲမဖြစ်အောင် မဲပေးကြရမည့် နည်းလမ်းများကို လည်း ကောင်း၊ ဦးခင်မောင်လွင်က မဲပေးရွေးချယ်ရာတွင် ပြည်သူများအနေဖြင့် စဉ်းစားချင့်ချိန်နိုင်စေရန်အတွက် လည်းကောင်း ပြည်သူများ သိရှိနိုင်အောင် အသေးစိတ် ရှင်းလင်းတင်ပြခဲ့ကြသည်။

နေချိုသွေး