James အတွက်ချယ်ဆီးရဲ့ကမ်းလှမ်းမှုအား ငြင်းပယ်လိုက်သည့် မက်ဒရက်

14100308_1082706131824207_2600561094774790468_n

ချယ်ဆီးအသင်းဟာ မက်ဒရက်စတား James အတွက်တရားဝင်ကမ်းလှမ်းမှုတစ်ရပ်ပြုလုပ်ခဲ့ပေမယ့် ရီရဲမက်ဒရက် ဥက္ကဌ ပီရက်ဇ်မှ ငြင်းပယ်လိုက်ကြောင်း သိရပါတယ်။

ဂျူဗီတပ်အသင်းနှင့်လည်း သတင်းထွက်နေသူ ကိုလံဘီယာစူပါစတားဟာ မက်ဒရက်နည်းပြ ဇီဒန်းလက်အောက်၌ ပွဲထွက်ခွင့်ပြောက်ဆုံးနေသူဖြစ်ပြီး အင်္ဂလန်သို့ ပြောင်းရွှေ့ ဖွယ်ရှိနေတယ်လို့ သိရပါတယ်။

သို့ပေမယ့် မက်ဒရက်အသင်းမှ James အတွက်တောင်းဆိုထားသည့် မြင့်မားသည့် ပြောင်းရွှေ့ ကြေးကြောင့် ၎င်းအား ခေါ်ယူလိုသည့် ကလပ်များအနေဖြင့် အခက်တွေ့ နေကြောင်းခန့်မှန်းရပါတယ်။

နည်းပြဇီဒန်းကိုတိုင် James ဟာမက်ဒရက်၌ ဆက်ရှိနေမည်ဟု အတည်ပြုထားပေမယ့် သတင်းကြီးများအရ အပြောင်းရွှေ့ နောက်ဆုံးမိနစ် မတိုင်ခင် အပြောင်းအလဲ့ ဖြစ်ပေါ်လာနိုင်ကြောင်း ဖော်ပြခဲ့ပါတယ်။

James ဟာ 2014 ခုနှစ်က မိုနာကိုမှမက်ဒရက်သို့ ပေါင် 65 သန်းဖြင့်ရောက်ရှိလာသူဖြစ်ပါတယ်။

-Ref; Goal.com


Leave a Reply