ပယ်လီဂရီနီကို တရုတ်ကလပ်အသင်း နည်းပြ အဖြစ် ခန့်အပ်

3138

တရုတ်စူပါလိဂ်မှ Hebei China Fortune အသင်း က မန်စီးတီးနည်းပြဟောင်း မယ်နျူရယ်ပယ်လီဂရီကို မန်နေဂျာအသစ်အဖြစ် ခန့်အပ်ခဲ့သည်ဟု တရုတ်နှင့် ဗြိတိန်မီဒီယာများက ဖော်ပြသည်။

ပယ်လီဂရီနီသည် ပြီးခဲ့သည့် ဘောလုံးရာသီက မန်စီးတီးအသင်းကို ချန်ပီယံလိဂ်အကြို ဗိုလ်လုပွဲသို့ ပို့ဆောင်ခဲ့သည်။ သို့သော် ဇွန်လ ၃၀ ရက်တွင် မန်စီးတီးက ထွက်ခွာမည်ဟု ဖေဖော်ဝါရီအတွင်း ကြေညာခဲ့သည်။ ယင်းနောက် မန်စီးတီးကလည်း ဂွါဒီယိုလာအား ၎င်းတို့၏ နည်းပြသစ် အဖြစ်ချက်ချင်းကြေညာခဲ့သည်။

မန်စီးတီးသို့ ၂၀၁၃ က ရောက်ရှိခဲ့ပြီး ပရီးမီးယားလိဂ် တစ်ကြိမ်နှင့် လိဂ်ဖလားနှစ်ကြိမ် ရရှိခဲ့သော ချီလီနိုင်ငံသား ပယ်လီဂရီနီသည် Shanghai SIPG နှင့် Guanzhou Evergrade အသင်းတို့ကို ကိုင်တွယ်နေသော အဲရစ်ဆင်နှင့် စကိုလာရီတို့ကဲ့သို့ တရုတ်စူပါလိဂ် နာမည်ကျော် နည်းပြများတွင် ပါဝင်လာပြီဖြစ် သည်။

Hebei အသင်းသည် စူပါ လိဂ်တွင် နံပါတ် (၅) နေရာရ ထားပြီး စက်တင်ဘာ ၁၀ရက် တွင် ထိပ်ဆုံးမှ Guanzhou နှင့် တွေ့ဆုံမည်ဖြစ်သည်။

—Ref:Reuters


Leave a Reply