မစ်ဒယ်ဘရော့နည်းပြရာထူးသည် မိမိအတွက် အထူးအခွင့်အရေးတစ်ရပ်ဟု မိုက်ကယ်ကာရစ် မှတ်ချတ်ပြု

 

 

အောက်တိုဘာလ ၂၄ ရက်က လိဂ်ချန် ပီယံရှစ်ကလပ် မစ်ဒယ်ဘရော့အသင်း၏ နည်းပြသစ်အဖြစ် ခန့်အပ်ခံရသည့် မိုက်ကယ်ကာရစ်က ယခုရာထူးသည် မိမိအတွက် အထူးအခွင့်အရေးတစ်ရပ်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

လိဂ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် ရုန်းကန်နေရသည့် မစ်ဒယ်ဘရော့အသင်းသည် မန်ယူ နှင့် အင်္ဂလန်ကစားသမားဟောင်း ကာရစ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့သော်လည်း စာချုပ်သက်တမ်းကာလကို တရားဝင်ထုတ်ပြန်ခြင်းမရှိကြောင်း သိရသည်။

“မစ်ဒယ်ဘရော့အသင်းဟာ ကိုးနှစ်သားကောင်လေးတစ်ဦးအရွယ်က ကျွန်တော် ကစားခဲ့တဲ့ ပထမဆုံး ပရော်ဖက်ရှင်နယ်ကလပ်အသင်းပါ။ ဒီနေရာကို နည်းပြအဖြစ် ပြန်လာရတဲ့ခံစားမှုက အလွန့်အလွန်ပါပဲ။ ကျွန်တော်ကိုယ်တိုင်လည်း အနောက်မြောက်ပိုင်းမှာ ကြီးပြင်းလာလို့ ဒီဒေသကသူတွေရဲ့ ဘောလုံးအပေါ် ဖွင့်ဆိုချက်ကို အပြည့်အဝသတိမူမိပါတယ်။ ဒီရာထူးက ကျွန်တော့်အဖို့ စစ်မှန်တဲ့ အထူးအခွင့် အရေးတစ်ရပ်ဖြစ်ပြီး ဘိုရိုအတွက် စိတ်အားထက်သန်မှုနဲ့ ပြင်းပြမှုအပြည့်ရှိနေပြီလို့ ခံစားရပါတယ်”ဟု ကာရစ်က ပြောကြားခဲ့သည်။

ထို့ပြင် ကာရစ်က ဘောလုံးလောကသို့ ပြန်ဝင်ရန် အချိန်ကိုက်မဟုတ်သေးသော်လည်း ဒုတိယမြောက် ဆွေးနွေးမှုအပြီး စိတ်ပြောင်းလဲသွားခဲ့ကြောင်းလည်း ဝန်ခံခဲ့သည်။ မစ်ဒယ်ဘရော့အသင်းကို ကိုင်တွယ်ခဲ့ဖူးသည့် လိဒ်စ်နောက်ခံလူဟောင်း ဝုဒ်ဂိတ်က ကာရစ်၏ လက်ထောက်အဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

Elevensport