တိုင်းဒေသကြီး၊/ပြည်နယ်ပါတီ ဥက္ကဌများအဖြစ် တာဝန်ပေးအပ်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း အပိုဒ် (၆၇)၊ အပိုဒ်ခွဲ (က)၊ (ည)၊ (ဋ) နှင့် ပါတီအဆင့်ဆင့် ပြန်လည်ပြင်ဆင်ရွေးချယ် ဖွဲ့စည်းရေး လုပ်ထုံးလုပ်နည်းများ အပိုဒ် (၂၇)၊ အပိုဒ်ခွဲငယ် (ဆ)၊ အပိုဒ်ခွဲ ငယ်စိတ် (၆)၊ (၇) တို့အရ ပါတီပြန်လည်ပြင်ဆင်ရွေးချယ်ဖွဲ့စည်းရေး ဗဟို ကော်မတီ၏ ရွေးချယ်အတည်ပြု ဆုံးဖြတ်ချက်ဖြင့် အောက်ဖော်ပြပါ ပုဂ္ဂိုလ် များအား ၎င်းတို့အမည်နှင့် ယှဉ်တွဲပါ တိုင်းဒေသကြီး/ ပြည်နယ်ပါတီကော်မတီ ဥက္ကဋ္ဌများအဖြစ် သြဂုတ်လ (၂၃) ရက်နေ့မှစ၍ တာဝန်ပေးအပ်လိုက်ကြောင်း သိရသည် –

(၁) ဦးရာဝမ်းဂျုံ ကချင်ပြည်နယ်
(၂) ဦးပိုးရယ်အောင်သိန်း ကယားပြည်နယ်
(၃) ဦးစောမြင့်ဦး ကရင်ပြည်နယ်
(၄) ဒေါက်တာမှုထန် ချင်းပြည်နယ်
(၅) ဒေါက်တာမြင့်သိန်း စစ်ကိုင်းတိုင်းဒေသကြီး
(၆) ဦးချစ်သန်း တနင်္သာရီတိုင်းဒေသကြီး
(၇) ဦးစောမော်ထွန်း ပဲခူးတိုင်းဒေသကြီး
(၈) ဒေါက်တာမောင်မောင်ဌေး မကွေးတိုင်းဒေသကြီး
(၉) ဦးဝင်းမောင် မန္တလေးတိုင်းဒေသကြီး
(၁၀) ဦးအောင်ကြည်သိန်း မွန်ပြည်နယ်
(၁၁) ဒေါက်တာစန်းရွှေ ရခိုင်ပြည်နယ်
(၁၂) ဦးခင်မောင်စိုး ရန်ကုန်တိုင်းဒေသကြီး
(၁၃) ဦးသန်းဝင်း ရှမ်းပြည်နယ်
(၁၄) ဦးဥာဏ်ဝင်း ဧရာဝတီတိုင်းဒေသကြီး
(၁၅) ဦးဝေလွင် ပြည်ထောင်စုနယ်မြေ


Leave a Reply