၅.၂ လက်မ screen နှစ်ခုပါဝင်တဲ့ Axon M ဟန်းဆက်ကို AT&T ကနေ အထူးသီးသန့်အနေနဲ့ ရောင်းချ သွားမယ်လို့ ZTE က ကြေညာခဲ့ပြီးနောက် အခုအခါ ဟန်းဆက်ကို စတင်မှာ ယူနိုင်မယ့်နေ့နဲ့ ရောင်းချမယ့် နေ့ကို AT&T က ကြေညာလိုက်ပါတယ်။
၅.၂ လက်မ screen နှစ်ခုပါဝင်တဲ့ Axon M ဟန်းဆက်ကို AT&T ကနေ အထူးသီးသန့်အနေနဲ့ ရောင်းချ သွားမယ်လို့ ZTE က ကြေညာခဲ့ပြီးနောက် အခုအခါ ဟန်းဆက်ကို စတင်မှာ ယူနိုင်မယ့်နေ့နဲ့ ရောင်းချမယ့် နေ့ကို AT&T က ကြေညာလိုက်ပါတယ်။
ကုမ္ပဏီရဲ့ဈေးအသက်သာဆုံး Nokia ထုတ်ကုန်ဖြစ်တဲ့ Nokia 2 ကို HMD Global က မိတ်ဆက်လိုက် ပါတယ်။ ဒီ Nokia 2 ဟန်းဆက်ကို အိန္ဒိယမှာ မိတ်ဆက်ကြေညာခဲ့တာ ဖြစ်ပါတယ်။ Nokia 2 မှာ pure Android 7.1 Nougat ကို အသုံးပြုထားပြီး security update တွေကို လစဉ်ထောက်ပံ့ပေးမယ့်အပြင် Android 8.0 Oreo ကိုလည်း အဆင့်မြှင့်တင်နိုင်မယ်လို့ HMD Global က ကတိပြု ပြောကြားခဲ့ပါတယ်။ စမတ်ဖုန်းရဲ့ အထင်ရှားဆုံးအချက်က ဘက်ထရီနဲ့ နှစ်ရက်ကြာအသုံးပြုနိုင်ခြင်းဖြစ်တယ်လို့ သိရပါတယ်။
Bluetooth စပီကာတွေဟာ အမျိုးအစား အမျိုးမျိုးရှိတာကြောင့် သင့်လျော်မှန်ကန်တဲ့ အမျိုးအစားတစ်ခုကို ရွေးချယ်နိုင်ဖို့လိုပါတယ်။ Portable wireless စပီကာတစ်လုံးကို ဝယ်ယူတဲ့အခါမှာ ထည့်သွင်းစဉ်းစားရမယ့် အချက်တွေက အသံအရည်အသွေး၊ ဘက်ထရီသက်တမ်းနဲ့ ဒီဇိုင်းတို့ ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံ ချီကာဂိုမြို့အခြေစိုက် Yolk ဟာ iPhone တွေကို နှစ်နာရီအတွင်း အားအပြည့်သွင်း ပေးနိုင်မယ့် Solar Paper ကို ဖန်တီးထားပါတယ်။ အဲဒီ Solar Paper ဟာ အလွန်ပါးလွှာပေါ့ပါးတဲ့ panel ဖြစ်ပြီး စွမ်းအင်ပမာဏကို မြှင့်တင်ရန်အတွက် panel တွေကို ပေါင်းစပ်ထားနိုင်ပါတယ်။ Solar Paper ကို Kickstarter မှာ ကန်ဒေါ်လာ တစ်သန်းကျော်ရအောင် ရန်ပုံငွေ စုဆောင်းနိုင်ခဲ့ပြီး အခုဆိုရင် တစ်ကမ္ဘာလုံးကို တင်ပို့ရောင်းချနေပါပြီ။
၂၀၀၉ ခုနှစ်နဲ့ ၂၀၁၀ ခုနှစ်တုန်းက Courier လို့ခေါ်တဲ့ ခေါက်နိုင်တဲ့ tablet တစ်မျိုးကို Microsoft ဖန်တီးနေတယ်ဆိုတဲ့ ကောလာဟလသတင်းတွေ အများကြီးထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ဒီထုတ်ကုန်ဟာ တကယ်တမ်း ထွက်ပေါ်လာခြင်းမရှိဘဲ Apple iPad တွေက tablet ဈေးကွက်ကို ကြီးစိုးခဲ့ပါတယ်။
ဖိလစ်ပိုင်နိုင်ငံတစ်ဝန်းမှာ ကြော်ငြာနဲ့ အရောင်းမြှင့်တင်ရေး အစီအစဉ်များစွာ ပြုလုပ်ပြီး တစ်လကျော် အကြာမှာ Oppo F5 ကို တရားဝင် မိတ်ဆက်ခဲ့ပါတယ်။
Qualcomm ရဲ့ Snapdragon 845 chipset ကို ၂၀၁၈ ခုနှစ်မှာဖြန့်ချိမယ့် flagship စမတ်ဖုန်းတွေမှာ အသုံးပြုသွားဖွယ်ရှိပါတယ်။ ကောလာဟလသတင်းတွေမှာတော့ ဒီ chipset ကို 7nm FinFET manufacturing process နဲ့ တည်ဆောက်ထားတယ်လို့ ဖော်ပြထားပါတယ်။ လတ်တလောထွက်ပေါ်လာတဲ့ အချက်အလက်အရ Qualcomm အနေနဲ့ Snapdragon 845 chipset ကို ဒီနှစ်မကုန်မီ ဖြန့်ချိဖွယ်ရှိပြီး အဆိုပါ chipset ကို 10nm FinFET နည်းပညာပေါ်မှာ တည်ဆောက်ထားတယ်လို့ သိရပါတယ်။
IT နည်းပညာသုံးစွဲမှုကို လိုအပ်သလို စောင့်ကြည့်ထိန်းကျောင်းနိုင်ဖို့နဲ့ ပတ်သက်ပြီး ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးသွားမယ်လို့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး စတုတ္ထနေ့ကျင်းပရာကနေ သိရပါတယ်။ ဂန့်ဂေါမဲဆန္ဒနယ်မှ ဒေါ်ယဉ်မင်းလှိုင်က လူငယ်လူရွယ်များ အကျင့်စာရိတ္တပျက်ပြားစေခြင်း တို့ကြောင့် IT နည်းပညာ သုံးစွဲမှုကို လိုအပ်သလို စောင့်ကြည့်ထိန်းကျောင်းနိုင်ရန်အတွက် (Monitoring) ပြုလုပ်နိုင်ရန် ပြည်ထောင်စုအစိုးရအားတိုက်တွန်းကြောင်း အဆိုကို တင်သွင်းခဲ့တာဖြစ်ပါတယ်။ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌက အဆိုနဲ့စပ်လျဉ်းပြီး လက်ခံဆွေးနွေးဖို့ဆုံးဖြတ်ခဲ့ကာ ဆွေးနွေးလိုတဲ့လွှတ်တော် ကိုယ်စားလှယ် တွေရှိရင် အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာခဲ့တယ်လို့ သိရပါတယ်။
MPT နဲ့ မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့ပူးပေါင်းပြီး First Aid For All အစီအစဉ်တစ်ရပ်ကိုပြုလုပ် သွားမယ်လို့သိရပါတယ်။ အဲဒီအစီအစဉ်ဟာ ရှေးဦးပြုစုခြင်း အသက်ကယ်ဆယ်ရေး နည်းလမ်းတွေကို ဖြန့်ဝေသွားမယ့် ဆောင်ရွက်ချက်ဖြစ်ပါတယ်။ လာမယ့် နိုဝင်ဘာကနေ ၂၀၁၈ မတ်လအထိဆောင်ရွက် သွားမှာဖြစ်ပြီး မူးမေ့ခြင်း၊ ဓာတ်လိုက်ခြင်း၊ မြွေကိုက်ခြင်း၊ အပူရှပ်ခြင်းနှင့် ထိခိုက်ဒဏ်ရာ ရရှိခြင်းစတဲ့ အရေးပေါ် အခြေအနေတွေကြုံကြိုက်လာရင် ရှေးဦးပြုစုခြင်းနည်းလမ်းတွေနဲ့ ဘယ်လိုဆောင်ရွက်ရမယ်ဆိုတာကို ဖော်ပြတဲ့ ကျန်းမာရေး စောင့်ရှောက်မှု ဗီဒီယို ၁၂ ခုကို ရုပ်မြင်သံကြား၊ မီဒီယာနဲ့ လူမှုကွန်ရက် မီဒီယာတွေမှာ ထုတ်လွှင့်ပြပေးသွားမယ့်အစီအစဉ်လို့သိရပါတယ်။