ZTE Axon M ကို နိုဝင်ဘာ ၁ ရက်တွင် စတင်မှာယူနိုင်မည်

 

၅.၂ လက်မ screen နှစ်ခုပါဝင်တဲ့ Axon M ဟန်းဆက်ကို AT&T ကနေ အထူးသီးသန့်အနေနဲ့ ရောင်းချ သွားမယ်လို့ ZTE က ကြေညာခဲ့ပြီးနောက် အခုအခါ ဟန်းဆက်ကို စတင်မှာ ယူနိုင်မယ့်နေ့နဲ့ ရောင်းချမယ့် နေ့ကို AT&T က ကြေညာလိုက်ပါတယ်။

AT&T ရဲ့အဆိုအရ Axon M ကို နိုဝင်ဘာ ၁ ရက်မှစတင်ကာ အွန်လိုင်းအမှာစာတင်နိုင်ပြီး နိုဝင်ဘာ ၁၇ ရက်မှာ စတင်ရောင်းချသွားမယ်လို့ သိရပါတယ်။ Axon M မှာ ၅.၂ လက်မ 1080p display နှစ်ခုနဲ့အတူ Snapdragon 821 processor, 4GB RAM, 20MP ကင်မရာတစ်ခုနဲ့ Dolby Audio စနစ်ပါတဲ့ စပီကာနှစ်ခုတို့ ပါဝင်တယ်လို့ သိရပါတယ်။ ဒီဟန်းဆက်ရဲ့ အရှေ့ဘက်နဲ့ ကျောဘက်မှာ full screen တစ်ခုစီပါဝင်ပြီး ခေါက်ထားတဲ့ screen ကိုဖြန့်ကာ screen နှစ်ခုနဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

တန်ဖိုးက ၇၂၅ ဒေါ်လာဖြစ်ပြီး AT&T ရဲ့ payment plan နဲ့ဆိုရင် လပေါင်း ၃၀ အတွက် တစ်လကို ၂၄.၁၇ ဒေါ်လာ ကျသင့်မယ်လို့ သိရပါတယ်။

-နောင်နောင်

Ref: AndroidAuthority