ဈေးသက်သာတဲ့ Nokia 2 ကို HMD Global မိတ်ဆက်ကြေညာ

 

ကုမ္ပဏီရဲ့ဈေးအသက်သာဆုံး Nokia ထုတ်ကုန်ဖြစ်တဲ့ Nokia 2 ကို HMD Global က မိတ်ဆက်လိုက် ပါတယ်။ ဒီ Nokia 2 ဟန်းဆက်ကို အိန္ဒိယမှာ မိတ်ဆက်ကြေညာခဲ့တာ ဖြစ်ပါတယ်။ Nokia 2 မှာ pure Android 7.1 Nougat ကို အသုံးပြုထားပြီး security update တွေကို လစဉ်ထောက်ပံ့ပေးမယ့်အပြင် Android 8.0 Oreo ကိုလည်း အဆင့်မြှင့်တင်နိုင်မယ်လို့ HMD Global က ကတိပြု ပြောကြားခဲ့ပါတယ်။ စမတ်ဖုန်းရဲ့ အထင်ရှားဆုံးအချက်က ဘက်ထရီနဲ့ နှစ်ရက်ကြာအသုံးပြုနိုင်ခြင်းဖြစ်တယ်လို့ သိရပါတယ်။

Nokia 2 Specifications

Operating System: Android 7.1.1 Nougat

Display: 5-inch HD (720 x 1280) LTPS LCD | Corning Gorilla Glass 3

Processor: 1.3 GHz Qualcomm Snapdragon 212

RAM: 1 GB LPPDDR 3

Internal Storage: 8 GB; expandable up to 128 GB with microSD card

Rear Camera: 8 MP autofocus with LED flash

Front Camera: 5 MP fixed-focus

Battery: 4,100 mAh

Dimensions: 143.5 x 71.3 x 9.30 mm

တန်ဖိုးက ၁၁၅ ဒေါ်လာဖြစ်ပြီး Pewter/Black, Pewter/White နဲ့ Copper/Black ဆိုပြီး အရောင်စပ် သုံးမျိုးနဲ့ရရှိနိုင်မှာဖြစ်ပါတယ်။ စတင်ရောင်းချမှုကိုတော့ နိုဝင်ဘာလလယ်မှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

-နောင်နောင် Ref: AndroidAuthority