Microsoft Windows 10 ကို ထုတ်ကုန် သန်း ၃၀၀ ပေါ်တွင် အသုံးပြုလျက်ရှိ

fd-how-to-stream-xbox-games-to-a-windows-10-pc

ကမ္ဘာတစ်ဝန်းတွင် Windows 10 ကို အသုံးပြုသည့် ထုတ်ကုန်အရေအတွက် သန်း ၃၀၀ ရှိလာကြောင်း Microsoft မှ ကြေညာခဲ့သည်။ အဆိုပါအရေအတွက်တွင် ကွန်ပျူတာများ၊ ဖုန်းများနှင့် Xbox One တို့ပါဝင်သည်။ ထို့အပြင် Microsoft သည် Edge browser ကို အသုံးပြုသည့် မိနစ်များနှင့် Cortana အသုံးပြုမှုနှုန်းတို့ အပါအဝင် Windows 10 သုံးစွဲမှု အချက်အလက်အချို့ကို ထုတ်ပြန်ခဲ့သည်။

Microsoft Edge ကို သုံးစွဲမှုနှုန်းသည် မတ်လတစ်လတည်းတွင် မိနစ်ပေါင်း ၆၃ ဘီလျံရှိခဲ့ပြီး ပြီးခဲ့သည့် နှစ်ထက် ၅၀ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ Windows 10 ၏ personal digital assistant ဖြစ်သော Cortana သည် စတင်မိတ်ဆက်ခဲ့ချိန်မှစ၍ မေးခွန်းပေါင်း ၆ ဘီလျံကျော်ကို ကူညီဖြေကြားပေးခဲ့ကြောင်း Microsoft မှ ဖော်ပြခဲ့သည်။

ထို့အပြင် Windows 10 ပေါ်တွင် ဂိမ်းကစားမှုနှုန်းကလည်း မြင့်တက်လာခဲ့ပြီး Windows 10 ကို စတင်မိတ်ဆက်ချိန်မှစ၍ ဂိမ်းကစားသည့် နာရီပေါင်း ၉ ဘီလျံ ကျော်ရှိကြောင်း သိရသည်။ Windows 10 ကို Windows 7 နှင့်အထက် သုံးစွဲသူများက အခမဲ့ အဆင့်မြှင့်တင် အသုံးပြုနိုင်ရန် ပြီးခဲ့သည့်နှစ် ဇူလိုင်လက ဖြန့်ချိခဲ့ သည်။ လာမည့် ဇူလိုင်လ ၂၉ ရက် နောက်ပိုင်းတွင် Windows 10 Home အတွက် ၁၁၉ ဒေါ်လာ ကျသင့်မည်ဟု သိရသည်။

Ref: CNET


Leave a Reply