မြန်မာနိုင်ငံကိုရောက်ရှိလာတဲ့ Samsung Galaxy J7+

Samsung ရဲ့ Galaxy J7+ စမတ်ဖုန်းမြန်မာနိုင်ငံကို ရောက်ရှိလာပြီဖြစ်တယ်လို့ Samsung Myanmar က ထုတ်ပြန်ပါတယ်။ သတ္တုကိုယ်ထည်ဒီဇိုင်းနဲ့ အနောက်ကင်မရာ နှစ်လုံး ပါဝင်ပြီး ၅.၅ လက်မ အရွယ်အစား ရှိတယ်လို့ ဆိုပါတယ်။

“လုံခြုံရေးစနစ်တွေကိုလည်း လက်ဗွေရာစနစ်နဲ့အတူ Always-On-Display လို function အသစ်တွေ ထပ်မံတိုးမြှင့် ထည့်သွင်းထားပါတယ်” လို့ Samsung Myanmar ရဲ့ Head of IT & Mobile ကို ဇာနည် ဝင်းထက်က ပြောပါတယ်။ 13 MP နဲ့ 5 MP အရွယ်အစားရှိ နောက်ကင်မရာ ၂ လုံးနှင့်အတူ 5 MP အရွယ်အစားရှိ ရှေ့ကင်မရာပါလာတာကြောင့် Samsung မှ ထွက်ရှိခဲ့တဲ့ စမတ်ဖုန်းတွေမှာ ပထမဆုံး ကင်မရာ ၃ လုံးပါဝင်တဲ့ စမတ်ဖုန်းဖြစ်တယ်လို့ ဆိုပါတယ်။

Galaxy J7+ စမတ်ဖုန်းကို ဈေးနှုန်း ၄၉၅,၀၀၀ ကျပ်နဲ့ အမည်း ရောင် ၊ ရွှေရောင် အရောင်နှစ်မျိုး ရရှိမယ်လို့ ဆိုပါတယ်။ စတင်ရောင်းချတဲ့ အနေနဲ့ Galaxy J7+ ဦးစွာ ဝယ်ယူသူ အယောက် ၁၀၀၀ ကို Bluetooth Speaker၊ 5000 mAh အရွယ်အစားရှိ Power Bank နဲ့ Ring Stent တို့ကို ပေးအပ်သွားမယ်လို့ ဆိုပါတယ်။ Ooredoo Myanmar နဲ့ပူးပေါင်းပြီး လစဉ်အနည်းဆုံး ၅၀၀၀ ကျပ် ဖုန်းငွေဖြည့်သွင်းရုံနဲ့ အင်တာနက် လက်ဆောင် 2.5 GB ကို ခြောက်လဆက်တိုက် ရရှိမယ့်အစီအစဉ် တစ်ရပ်ကိုလည်း ပြုလုပ်ထားတယ်လို့ သိရပါတယ်။

ထွန်းထွန်း