MIUI 14 update ကို Xiaomi ဖုန်းအချို့ မကြာခင် ရရှိမည်

Xiaomi က Mobile World Congress 2023 မှာ MIUI 14 ကို မကြာခင် ရမယ့် စမတ်ဖုန်း ၁၈ လုံးကို ကြေညာလိုက်ပါတယ်။ မတ်လထဲမှာ နိုင်ငံတကာအတွက် စတင် ဖြန့်ချိပေးမှာဖြစ်ပြီး အဲဒီ ဖုန်း စာရင်းကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

အဲဒီစာရင်းမှာ အများစုဟာ စွမ်းရည်မြင့် ဖုန်းတွေဖြစ်ပြီး Redmi ရဲ့ စွမ်းရည်သင့် ဖုန်း တချို့လည်း ပါဝင်ပါတယ်။

ဒါဟာ ဖိုင်နယ် စာရင်း မဟုတ်ဘဲ အနာဂတ်မှာ MIUI 14 ရမယ့် ဖုန်းတွေ ပိုမိုများပြားလာမှာပါ။ Android 13 ရတဲ့  ဖုန်းတွေပဲ MIUI 14 ကို ရမှာ မဟုတ်ဘဲ နောက်ဆုံးထုတ် Android Version မဟုတ်တဲ့ ဖုန်းတွေမှာလည်း MIUI 14 ကို ရနိုင်ပါတယ်။

မတ်လအတွင်း MIUI 14 ရမယ့် ဖုန်း စာရင်း

——————————————

  • Xiaomi 12T Pro
  • Xiaomi 12T
  • Xiaomi 12 Pro
  • Xiaomi 12
  • Xiaomi 12X
  • Xiaomi 12 Lite
  • Xiaomi 11T Pro
  • Xiaomi 11T
  • Mi 11 Ultra
  • Mi 11i
  • Mi 11
  • Xiaomi 11 Lite 5G NE
  • Mi 11 Lite 5G
  • Mi 11 Lite
  • Redmi Note 11 Pro+ 5G
  • Redmi Note 10 Pro
  • Redmi Note 10
  • Redmi 10 5G

Ref : gsmarena, gizmochina