မြောက်အမေရိက ရဲ့ အကြီးမားဆုံး ရေပေါ် Solar Farm စတင် လည်ပတ်ပြီ

နယူးဂျာစီမှာ 8.9 megawatt (MW) ရေပေါ် Solar Farm ကို တည်ဆောက်ထားပြီး မြောက်အမေရိကရဲ့ အကြီးမားဆုံး ရေပေါ် Solar Farm ဖြစ်လာပါတယ်။
NJR Clean Energy Ventures က အဲဒီ ရေပေါ် Solar Farm ကို ပိုင်ဆိုင်ပြီး နယူးဂျာစီ၊ Short Hills က Canoe Brook ရေကန်ရဲ့ ၁၇ ဧကပေါ်မှာ တည်ဆောက်ထားတာပါ။ ရေပေါ် Solar Farm မှာ Solar Panel ပေါင်း ၁၆,၅၁၀ တပ်ဆင်ထားပြီး နှစ်စဉ် နေအိမ် ၁,၄၀၀ အတွက် လုံလောက်တဲ့ လျှပ်စစ်စွမ်းအင်ကို ထုတ်လုပ်ပေးနိုင်ပါတယ်။ New Jersey American Water ရဲ့ Canoe Brook Water Treatment စက်ရုံအတွက် လျှပ်စစ်စွမ်းအင် ၉၅ ရာခိုင်နှုန်းကို ထုတ်လုပ်ပေးနိုင်ပါတယ်။
ဖောင်ပေါ်မှာ Solar Panel တွေကို တပ်ဆင်ထားတာ ဖြစ်ပါတယ်။ ရေက Solar Panel တွေကို အေးမြစေတဲ့အတွက် စွမ်းဆောင်ရည် တိုးတက်စေပြီး Panel တွေဟာ ရေငွေ့ပျံမှုကို သုည အထိ လျှော့ချပေးနိုင်ပါတယ်။

Ref : electrek