ဘက်ထရီပြတ်လပ်မှုကြောင့် တက်စ်လာ ကားစက်ရုံသစ်များ ဒေါ်လာဘီလီယံများစွာ အရှုံးပေါ်နေ

တရုတ်နိုင်ငံကနေ တင်သွင်းတဲ့ ဘက်ထရီတွေ ရှားပါးပြတ်လပ်မှု ကြောင့် အမေရိကန်နဲ့ ဂျာမနီမှာရှိတဲ့ တက်စ်လာ လျှပ်စစ်ကားစက်ရုံ သစ်တွေဟာ ဒေါ်လာဘီလီယံများစွာ အရှုံးပေါ်နေကြောင်း ကုမ္ပဏီရဲ့ စီအီးအိုဖြစ်သူ အီလွန်မာ့ခ်က ထုတ်ဖော်ပြောဆိုပါတယ်။

ဒါ့အပြင် တက်စ်လာစက်ရုံကြီးတစ်ရုံရှိတဲ့ ရှန်ဟိုင်းအပါအဝင် တရုတ်နိုင်ငံမှာ ယခုနှစ်အတွင်း ချမှတ်ခဲ့တဲ့ ကိုဗစ်(၁၉)ဆိုင်ရာ ကန့် သတ်ချက်တွေကြောင့် အဲဒီစက်ရုံရဲ့ လုပ်ငန်းလည်ပတ်မှုတွေဟာလည်း ခက်ခဲလာတယ်လို့ အီလွန် မာ့ခ်က ပြောပါတယ်။

ဘာလင်နဲ့ အော်စတင်မှာ ရှိတဲ့ စက်ရုံနှစ်ရုံစလုံးဟာ အခုချိန်မှာ ထွက်ငွေအလွန်များတဲ့ စက်ရုံတွေဖြစ်နေပြီး ငွေများစွာရင်းနှီးမြှုပ် နှံထားပေမယ့် မော်တော်ကားတွေ ထုတ်လုပ်နိုင်မှုကတော့ အလွန် ခက်ခဲတဲ့ အခြေအနေဖြစ်တယ်လို့ သူက ဝန်ခံပြောဆိုပါတယ်။

တက်စ်လာ လျှပ်စစ်ကား ကုမ္ပဏီအပြင် အခြားသော နည်း ပညာကုမ္ပဏီကြီးတွေဟာ ကိုဗစ် (၁၉)ဆိုင်ရာ ကန့်သတ်ချက်တွေ ကြောင့် ချစ်ပ်အပါအဝင် တစ်ပိုင်း လျှပ်ကူးပစ္စည်း ထုတ်ကုန်တွေ ရှားပါးပြတ်လပ်မှုနဲ့ ကြုံတွေ့နေရ ပြီး ထုတ်လုပ်မှုအပိုင်းမှာ ကပ်ရောဂါ မတိုင်မီကလိုမျိုး ပြည့်မီဖို့ ရုန်းကန် နေပါတယ်။