၂၀၁၈ စမတ်ဖုန်း ၇၀ ရာခိုင်နှုန်းကျော်တွင် fingerprint sensor များ ပါဝင်လာမည်

လာမယ့်နှစ်မှာ တင်ပို့ရောင်းချမယ့် စမတ်ဖုန်းအားလုံးရဲ့ ၇၀ ရာခိုင်နှုန်းကျော်မှာ fingerprint sensor တွေ ပါဝင်လာမယ်လို့ Counterpoint Research က ထုတ်ပြန်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာ တင်ပို့ရောင်းချမယ့် စမတ်ဖုန်းအလုံးရေ ၁ ဘီလီယံကျော်ရှိမယ်လို့ သိရပါတယ်။

စမတ်ဖုန်းမှာ fingerprint sensor တွေပါဝင်လာတာ လေးနှစ်လောက်ပဲ ရှိပါသေးတယ်။ အစောပိုင်းကာလ မှာတော့ အထင်အရ စမတ်ဖုန်းတွေမှာပဲ ပါဝင်လာပါတယ်။ နောက်ပိုင်းမှာတော့ အလယ်အလတ်စမတ် ဖုန်းတွေမှာစတင်ပါဝင်လာပါတယ်။ အဲဒီ fingerprint sensor တွေဟာ နှစ်အနည်းငယ်အတွင်း ဈေးသက်သက်သာသာနဲ့ ထုတ်လုပ်လာနိုင်တာကြောင့် ဈေးသက်သာတဲ့ စမတ်ဖုန်းတွေမှာလည်း fingerprint sensor ကို ထည့်သွင်းလာကြပါတယ်။

Fingerprint scanner တွေပါဝင်တဲ့ စမတ်ဖုန်းတွေဟာ လူကြိုက်များလာပြီး Samsung Pay နဲ့ Android Pay လို အရာတွေနဲ့ ငွေပေးချေမှု ပြုလုပ်နိုင်ပါတယ်။ Samsung Pay နဲ့ Android Pay တွေဟာ online banking သုံးနိုင်သလို အချက်အလက်တွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

တရုတ်အမှတ်တံဆိပ်တွေဟာ ဈေးသက်သာတဲ့ စမတ်ဖုန်းတွေမှာ fingerprint scanner တွေ ထည့်သွင်းလာ နိုင်တာကြောင့် အခြားပြိုင်ဘက်တွေနဲ့ ကွာခြားသွားပါပြီ။ ၂၀၁၈ ခုနှစ်အတွင်း Samsung, LG နဲ့ Huawei အပါအဝင် ကုမ္ပဏီကြီးတွေကပဲ ဈေးကွက်ကို လွှမ်းမိုးထားနိုင်ဖွယ်ရှိပါတယ်။ Fingerprint scanner တွေမှာ လုံခြုံမှုဟာ ပြဿနာတစ်ရပ်အဖြစ် ရှိနေသေးတယ်လို့ Counterpoint Research ကပြောခဲ့ပါတယ်။

ယနေ့ခေတ် ဖုန်းတွေမှာ fingerprint sensor တွေဟာ အရှေ့ဘက်၊ display အောက်ဘက် ဒါမှမဟုတ် နောက်ကျောဘက်တွေမှာ ပါဝင်လာပါတယ်။ လာမယ့်နှစ်တွေမှာတော့ ဖုန်းများစွာမှာ in-display fingerprint scanner တွေ ပါဝင်လာဖွယ်ရှိပါတယ်။ ဖုန်းရဲ့ screen နေရာတချို့မှာ လက်ချောင်းနဲ့ ထုတ်ကုန်ကို unlock ကို ပြုလုပ်နိုင်တော့မှာပါ။ အဲဒီနည်းပညာဟာ တန်ဖိုးကြီး စမတ်ဖုန်းမှာပဲ ပါဝင်လာသေးပေမယ့် နှစ်အနည်းငယ် အတွင်း ဈေးသက်သာတဲ့ ထုတ်ကုန်တွေမှာ ပါဝင်လာနိုင်ခြေရှိပါတယ်။

 စိုးထက် Ref: AndroidAuthority