ကန္ေဒၚလာ သန္း ၇၀၀ နီးပါး ကုန္က်မယ့္ ေနာက္ဆုံးေပၚ ကိုယ္ေပ်ာက္ န်ဴကလီးယားဗုံးၾကဲေလယာဥ္သစ္

အေမရိကန္ေလတပ္က သူတို႔ရဲ့ ေနာက္ဆုံးေပၚ ကိုယ္ေပ်ာက္ န်ဴကလီးယားဗုံးၾကဲေလယာဥ္သစ္ B-21 Raider ရဲ့ ဓာတ္ပုံသစ္ေတြကို ထုတ္ျပလိုက္ပါၿပီ။ တစ္စီးကို အေမရိကန္ေဒၚလာ သန္း ၇၀၀ နီးပါး တန္ေၾကးရွိမယ္လို႔ ခန႔္မွန္းထားတဲ့ B-21 Raider ကိုယ္ေပ်ာက္ န်ဴကလီးယားဗုံးၾကဲေလယာဥ္သစ္ကို အခုႏွစ္ေႏွာင္းပိုင္းမွာ စမ္းသပ္ပ်ံသန္းဖို႔ ခန႔္မွန္းထားပါတယ္။
Northrop Grumman ကုမၸဏီက ထုတ္လုပ္တဲ့ B-21 Raider ကိုယ္ေပ်ာက္ န်ဴကလီးယားဗုံးၾကဲေလယာဥ္သစ္ရဲ့ ဓာတ္ပုံေတြကို ၿပီးခဲ့တဲ့သီတင္းပတ္က Defense Visual Information Distribution Service ဝက္ဘ္ဆိုက္မွာ တင္ခဲ့တာ ျဖစ္ပါတယ္။ အရင္က ေရွ႕တည့္တည့္ကေန ရိုက္ထားတဲ့ B-21 Raider ဓာတ္ပုံတစ္ပုံသာ ထြက္ရွိခဲ့ဖူးၿပီး အခုအခါမွာေတာ့ ရႈေထာင့္အစုံကေန ရိုက္ထားတဲ့ ဓာတ္ပုံေတြ ထပ္မံထြက္ေပၚလာတာ ျဖစ္ပါတယ္။
B-21 Raider ကိုယ္ေပ်ာက္ န်ဴကလီးယားဗုံးၾကဲေလယာဥ္ဟာ လက္ရွိအသုံးျပဳေနတဲ့ B-1 Lancer နဲ႔ B-2 Spirit ေလယာဥ္ေတြ ေနရာမွာ အစားထိုးမွာျဖစ္ၿပီး ၂၀၂၇ ခုႏွစ္မွာ တပ္ေတာ္ဝင္ဖို႔ ခန႔္မွန္းထားပါတယ္။
Ref: Air Force releases most detailed images yet of secretive $700M Raider nuclear stealth bomber

crd:yoyarlay

======================

ကန်ဒေါ်လာ သန်း ၇၀၀ နီးပါး ကုန်ကျမယ့် နောက်ဆုံးပေါ် ကိုယ်ပျောက် နျူကလီးယားဗုံးကြဲလေယာဉ်သစ်
အမေရိကန်လေတပ်က သူတို့ရဲ့ နောက်ဆုံးပေါ် ကိုယ်ပျောက် နျူကလီးယားဗုံးကြဲလေယာဉ်သစ် B-21 Raider ရဲ့ ဓာတ်ပုံသစ်တွေကို ထုတ်ပြလိုက်ပါပြီ။ တစ်စီးကို အမေရိကန်ဒေါ်လာ သန်း ၇၀၀ နီးပါး တန်ကြေးရှိမယ်လို့ ခန့်မှန်းထားတဲ့ B-21 Raider ကိုယ်ပျောက် နျူကလီးယားဗုံးကြဲလေယာဉ်သစ်ကို အခုနှစ်နှောင်းပိုင်းမှာ စမ်းသပ်ပျံသန်းဖို့ ခန့်မှန်းထားပါတယ်။
Northrop Grumman ကုမ္ပဏီက ထုတ်လုပ်တဲ့ B-21 Raider ကိုယ်ပျောက် နျူကလီးယားဗုံးကြဲလေယာဉ်သစ်ရဲ့ ဓာတ်ပုံတွေကို ပြီးခဲ့တဲ့သီတင်းပတ်က Defense Visual Information Distribution Service ဝက်ဘ်ဆိုက်မှာ တင်ခဲ့တာ ဖြစ်ပါတယ်။ အရင်က ရှေ့တည့်တည့်ကနေ ရိုက်ထားတဲ့ B-21 Raider ဓာတ်ပုံတစ်ပုံသာ ထွက်ရှိခဲ့ဖူးပြီး အခုအခါမှာတော့ ရှုထောင့်အစုံကနေ ရိုက်ထားတဲ့ ဓာတ်ပုံတွေ ထပ်မံထွက်ပေါ်လာတာ ဖြစ်ပါတယ်။
B-21 Raider ကိုယ်ပျောက် နျူကလီးယားဗုံးကြဲလေယာဉ်ဟာ လက်ရှိအသုံးပြုနေတဲ့ B-1 Lancer နဲ့ B-2 Spirit လေယာဉ်တွေ နေရာမှာ အစားထိုးမှာဖြစ်ပြီး ၂၀၂၇ ခုနှစ်မှာ တပ်တော်ဝင်ဖို့ ခန့်မှန်းထားပါတယ်။
Ref: Air Force releases most detailed images yet of secretive $700M Raider nuclear stealth bomber

crd:yoyarlay