မႏၲေလးတိုင္း‌ေဒသႀကီးပါတီ ႏွင့္ေက်ာက္ဆည္ခရိုင္၊ ၿမိဳ႕နယ္ ျပည္ခိုင္ၿဖိဳးပါတီ လုပ္ငန္းညႇိႏွိင္း အစည္းအေဝးျပဳလုပ္

ေက်ာက္ဆည္၊ စက္တင္ဘာ ၂၀
မႏၲေလးတိုင္းေဒသႀကီးပါတီ/ ခရိုင္/ၿမိဳနယ္ ျပည္ခိုင္ၿဖိဳးပါတီ၏ လုပ္ငန္းညႇိႏွိင္း အစည္းအေဝးကို ၿမိဳနယ္ပါတီ႐ုံး အစည္းအေဝးခန္းမတြင္ ယေန႔ မြန္းလြဲ (၁း၁၀)အခ်ိန္တြင္ က်င္းပျပဳလုပ္ခဲ့ပါသည္။
အဆိုပါအစည္းအေဝးသို မႏၲေလးတိုင္း‌ေဒသႀကီး ပါတီဘ႑ာ‌ေရးမႉး ေဒၚသိဂႌ‌ေအာင္၊တိုင္းပါတီ ေကာ္မတီဝင္ (အမ်ိဳးသမီးေရးရာတာဝန္ခံ) ေဒၚသန္းသန္းေအး ၊ ေက်ာက္ဆည္ခရိုင္ပါတီဥကၠဌ ဦးေအာင္ျမင့္သန္း၊ခရိုင္ဘ႑ာေရးမႉး ေဒၚခင္ႏြယ္ျမင့္ ၊ၿမိဳနယ္ပါတီဥကၠဌဦးစိုးစိုးထြန္း၊အတြင္းေရးမႉး ဦးတင္မင္းျမတ္ဦးႏွင့္ၿမိဳနယ္ေကာ္မတီဝင္မ်ားတက္ေရာက္ၾကပါသည္။
ေရွးဦးစြာ မႏၲေလးတိုင္း‌‌ ေဒသႀကီးပါတီ ေကာ္မတီဝင္ အမ်ိဳးသမီးေရးရာတာဝန္ခံ ေဒၚသန္းသန္းေအး မွ မႏၲေလးတိုင္းေဒသႀကီး အမ်ိဳးသမီးေရးရာေကာ္မတီမွ ပါတီဗဟို၏ အမ်ိဳးသမီးပါတီဝင္အသစ္ စုေဆာင္းေရးစီမံခ်က္ပါ ရည္ရြယ္ခ်က္မ်ား၊ေဆာင္ရြက္ရမည့္ကာလသတ္မွတ္ခ်က္မ်ားကို အေသးစိတ္ရွင္းလင္းေျပာၾကားၿပီး၊ၿမိဳနယ္မွ တင္ျပလာမႈအေပၚျပန္လည္ေဆြးေႏြးခဲ့ပါသည္။
၎ေနာက္ မႏၲေလးတိုင္းပါတီ ဘ႑ာေရးမႉး ေဒၚသိဂႌ ေအာင္မွ အမ်ိဳးသမီးပါတီဝင္အသစ္ စုေဆာင္းေရးစီမံခ်က္ လုပ္ေဆာင္မႈမ်ားတြင္ လိုအပ္သည့္လမ္းညြန္ခ်က္မ်ားကို ေျပာၾကားၿပီးေနာက္၊ၿမိဳနယ္‌ေရြးေကာက္ပြဲေကာ္မရွင္ ၏ ပါတီဝင္စီစစ္ စစ္ေဆးျခင္းလုပ္ငန္းစဥ္တြင္ ျပည္ခိုင္ၿဖိဳး တိုင္းပါတီ ၊ ဗဟိုပါတီ၏ လမ္းညြန္ခ်က္မ်ားအား ရွင္းလင္းေျပာၾကားၿပီး ၊ၿမိဳနယ္‌ပါတီဥကၠဌ ဦးစိုးစိုးထြန္း မွ လက္ရွိ ေရြးေကာက္ပြဲေကာ္မရွင္၏ ပါတီဝင္ စီစစ္ၿပီးစီးမႈ အေျခအေနမ်ားကို တင္ျပၿပီး၊လိုအပ္သည့္လမ္းညြန္မႈမ်ားကို ခံယူခဲ့ပါသည္။
ေက်ာက္ဆည္ၿမိဳနယ္ အမ်ိဳးသမီးေရးရာတာဝန္ခံ၊ၿမိဳနယ္ေကာ္မတီဝင္ ‌နယ္ေျမမႉးမ်ားမွ မိမိနယ္ေျမအေျခအေနႏွင့္ အမ်ိဳးသမီးေရးရာ ပါတီဝင္အသစ္စုေဆာင္းေရးစီမံခ်က္မွ နယ္ေျမအလိုက္ အမ်ိဳးသမီး ပါတီဝင္အသစ္ ရရွိမႈတိုကို တင္ျပၾကၿပီး ေနာက္ လမ္းညြန္မႈကို ခံယူခဲ့ၾကပါသည္။

အစည္းအေဝးကို ညေန (၂း၁၅) အခ်ိန္တြင္ ၿပီးဆုံးခဲ့ေၾကာင္းသိရွိရပါသည္။

===========================

မန္တလေးတိုင်း‌ဒေသကြီးပါတီ နှင့်ကျောက်ဆည်ခရိုင်၊ မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိင်း အစည်းအဝေးပြုလုပ်

ကျောက်ဆည်၊ စက်တင်ဘာ ၂၀
မန္တလေးတိုင်းဒေသကြီးပါတီ/ ခရိုင်/မြိုနယ် ပြည်ခိုင်ဖြိုးပါတီ၏ လုပ်ငန်းညှိနှိင်း အစည်းအဝေးကို မြိုနယ်ပါတီရုံး အစည်းအဝေးခန်းမတွင် ယနေ့ မွန်းလွဲ (၁း၁၀)အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို မန္တလေးတိုင်း‌ဒေသကြီး ပါတီဘဏ္ဍာ‌ရေးမှူး ဒေါ်သိင်္ဂီ‌အောင်၊တိုင်းပါတီ ကော်မတီဝင် (အမျိုးသမီးရေးရာတာဝန်ခံ) ဒေါ်သန်းသန်းအေး ၊ ကျောက်ဆည်ခရိုင်ပါတီဥက္ကဌ ဦးအောင်မြင့်သန်း၊ခရိုင်ဘဏ္ဍာရေးမှူး ဒေါ်ခင်နွယ်မြင့် ၊မြိုနယ်ပါတီဥက္ကဌဦးစိုးစိုးထွန်း၊အတွင်းရေးမှူး ဦးတင်မင်းမြတ်ဦးနှင့်မြိုနယ်ကော်မတီဝင်များတက်ရောက်ကြပါသည်။
ရှေးဦးစွာ မန္တလေးတိုင်း‌‌ ဒေသကြီးပါတီ ကော်မတီဝင် အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်သန်းသန်းအေး မှ မန္တလေးတိုင်းဒေသကြီး အမျိုးသမီးရေးရာကော်မတီမှ ပါတီဗဟို၏ အမျိုးသမီးပါတီဝင်အသစ် စုဆောင်းရေးစီမံချက်ပါ ရည်ရွယ်ချက်များ၊ဆောင်ရွက်ရမည့်ကာလသတ်မှတ်ချက်များကို အသေးစိတ်ရှင်းလင်းပြောကြားပြီး၊မြိုနယ်မှ တင်ပြလာမှုအပေါ်ပြန်လည်ဆွေးနွေးခဲ့ပါသည်။
၎င်းနောက် မန္တလေးတိုင်းပါတီ ဘဏ္ဍာရေးမှူး ဒေါ်သိင်္ဂီ အောင်မှ အမျိုးသမီးပါတီဝင်အသစ် စုဆောင်းရေးစီမံချက် လုပ်ဆောင်မှုများတွင် လိုအပ်သည့်လမ်းညွန်ချက်များကို ပြောကြားပြီးနောက်၊မြိုနယ်‌ရွေးကောက်ပွဲကော်မရှင် ၏ ပါတီဝင်စီစစ် စစ်ဆေးခြင်းလုပ်ငန်းစဥ်တွင် ပြည်ခိုင်ဖြိုး တိုင်းပါတီ ၊ ဗဟိုပါတီ၏ လမ်းညွန်ချက်များအား ရှင်းလင်းပြောကြားပြီး ၊မြိုနယ်‌ပါတီဥက္ကဌ ဦးစိုးစိုးထွန်း မှ လက်ရှိ ရွေးကောက်ပွဲကော်မရှင်၏ ပါတီဝင် စီစစ်ပြီးစီးမှု အခြေအနေများကို တင်ပြပြီး၊လိုအပ်သည့်လမ်းညွန်မှုများကို ခံယူခဲ့ပါသည်။
ကျောက်ဆည်မြိုနယ် အမျိုးသမီးရေးရာတာဝန်ခံ၊မြိုနယ်ကော်မတီဝင် ‌နယ်မြေမှူးများမှ မိမိနယ်မြေအခြေအနေနှင့် အမျိုးသမီးရေးရာ ပါတီဝင်အသစ်စုဆောင်းရေးစီမံချက်မှ နယ်မြေအလိုက် အမျိုးသမီး ပါတီဝင်အသစ် ရရှိမှုတိုကို တင်ပြကြပြီး နောက် လမ်းညွန်မှုကို ခံယူခဲ့ကြပါသည်။

အစည်းအဝေးကို ညနေ (၂း၁၅) အချိန်တွင် ပြီးဆုံးခဲ့ကြောင်းသိရှိရပါသည်။