ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် စေတီတော်တစ်ဆူတည်ထားကိုးကွယ်နိုင်ရေး အလှူငွေပေးအပ်

ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့ သစ်(မြောက်ပိုင်း)မြို့နယ် အမှတ် (၁၆)ရပ်ကွက်ရှိ ပြည်ကြီးချမ်းသာ မဟာစေတီတော် (မြို့ဦးစေတီ တော်)ဝင်းအတွင်း စေတီတော် တစ်ဆူ တည်ထားကိုးကွယ်နိုင်ရေး အတွက် အလှူငွေပေးအပ်ပွဲအခမ်း အနားကို ယမန်နေ့ နံနက် ၁ဝ နာရီ က ကျင်းပခဲ့သည်။

အခမ်းအနားသို့ စေတီတော် ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးတင်မောင်စိုး၊ ဌာနဆိုင်ရာအကြီး အကဲများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူး များ၊ စေတနာရှင်၊ အလှူရှင်များ နှင့်မြို့ဦးစေတီဂေါပကအဖွဲ့ဝင်များ တက်ရောက်ကြပြီး နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။
ဆက်လက်၍ မြို့နယ်သံဃ နာယကဆရာတော် ဦးရေဝတက သြဝါဒစကာြး>ွမက်ကြားပြီး စေတီ တော် တည်ထားကိုးကွယ်နိုင်ရေး အတွက် အလှူရှင်များက လှူဒါန်း သော မတည်လှူဒါန်းငွေကျပ် ၆ဝ၃ဝဝဝဝကို ဌာနဆိုင်ရာအကြီး အကဲများကလက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေး အပ်ခဲ့သည်။ ထို့နောက် စေတီတော် ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်မောင်စိုးက ကျေးဇူးတင် စကား ပြန်လည်ပြောကြားပြီး ဗုဒ္ဓ သာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ် ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

Union daily


Leave a Reply