၂၁ ရာစု ပင်လုံ အထိမ်းအမှတ် အထူးတံဆိပ်ခေါင်း သုံးမျိုးထုတ်ဝေ

ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ ၂၁ ရာစု ပင်လုံကို ဂုဏ်ပြုသည့်အထိမ်းအမှတ်အဖြစ် အထူးထုတ် စာပို့ တံဆိပ်ခေါင်း သုံးမျိုးကို ဩဂုတ် ၃၁ ရက်တွင် စတင်ထုတ်ဝေရောင်းချခဲ့ကြောင်း မြန်မာ့စာတိုက်လုပ်ငန်းမှ သတင်းရရှိသည်။

2Stemp

အဆိုပါ အထူးထုတ် စာပို့တံဆိပ်ခေါင်းသုံးမျိုးကို ညီလာခံစတင်ကျင်းပသည့် ဩဂုတ်၃၁ ရက်တွင် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်စာတိုက်ကြီးများ၌ စတင်ရောင်းချခဲ့ကြောင်း မြန်မာ့စာတိုက်လုပ်ငန်းမှ သိရသည်။

3 Stemp

အထူးထုတ် စာပို့တံဆိပ်ခေါင်းသုံးမျိုးကို တံဆိပ်ခေါင်းအခုရေ တစ်သိန်း ထုတ်ဝေရောင်းချမည်ဖြစ်ကြောင်း မြန်မာ့ စာတိုက်လုပ်ငန်းမှ သိရသည်။

အဆိုပါတံဆိပ်ခေါင်းသုံးမျိုးအပြင် စာအိတ်၊ ပိုစတာနှင့် ၁၉၅၄ မှ ယနေ့အထိ ခေတ်အဆက်ဆက် ထုတ်ဝေခဲ့သည့် တံဆိပ်ခေါင်းများပါဝင်သော တံဆိပ်ခေါင်း မှတ်တမ်းစာအုပ်များ ရောင်းချမည်ဖြစ်ကြောင်း မြန်မာ့စာတိုက်လုပ်ငန်း မှ သတင်းရရှိသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုကို နေပြည်တော် အပြည်ပြည်ဆိုင်ရာ မြန်မာကွန်ဗင်းရှင်းစင်တာ (MICC 2) ၌ ဩဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၃ ရက်အထိ ကျင်းပမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် စာတိုက်အရေအတွက် ၁,၃၈၄ ရှိပြီး ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်မြို့ကြီးများ၌ စာတိုက် လုပ်ငန်းမှ မြို့ တွင်းနေ့ချင်းရောက် အမြန်ချောပို့ လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

# 7 Day Daily


Leave a Reply