ကိုရီးယားအလုပ်အကိုင် EPS-Topik စာမေးပွဲကို လူစားထိုးဝင်ရောက်ဖြေဆိုကြောင်း စစ်ဆေးတွေ့ရှိပါက စာမေးပွဲ ဖြေဆိုခွင့် သုံးနှစ်ပိတ်ပင်မည်ဟု ထုတ်ပြန်

တောင်ကိုရီးယားအလုပ်အကိုင် EPS-Topik စာမေးပွဲကို လူစားထိုးဝင်ရောက်ဖြေ ဆိုကြောင်း စစ်ဆေးတွေ့ရှိပါက စာမေးပွဲ ဖြေဆိုခွင့် သုံးနှစ်ပိတ်ပင်မည်ဟု ပြည်ပအလုပ် အကိုင်အေဂျင်စီက ထုတ်ပြန်သည်။

ထို့ပြင် အရက်သေစာသောက်စားထားသူများ၊ မူးယစ်ဆေးသုံးစွဲထားသူများကို စာမေးပွဲခန်းအတွင်း ဝင်ရောက်ခွင့် ပြုမည်မဟုတ် ကြောင်း သိရသည်။

အဆိုပါ ကိုရီးယားဘာသာစကားအရည် အချင်းစစ် စာမေးပွဲမှာ လူစားထိုးဖြေဆိုမှုများ မပြုလုပ်ရန် ယခင်ကလည်း သတိပေးချက်များ ထုတ်ပြန်ခဲ့ဖူးသည်။

EPS-Topik စာမေးပွဲအား စက်တင်ဘာလကုန်ပိုင်းမှ စတင်ကာ ၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်းအထိ အသုတ်လိုက်ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရပြီး စာမေးပွဲ ဖြေဆိုမည့် သူဦးရေ ၃၇,၀၀၀ ကျော်ရှိကြောင်း၊  ယင်းအ ရေအတွက်မှာ စာမေးပွဲပြုလုပ်သည့် သမိုင်း တစ်လျှောက်ဖြေဆိုမယ့်သူ အများဆုံးဖြစ် ကြောင်း သိရသည်။

တောင်ကိုရီးယားနိုင်ငံတွင် မြန်မာလုပ်သားဦးရေ ငါးသောင်းကျော် ရောက်ရှိလုပ်ကိုင်လျက်ရှိပြီး  လစဉ်သွားရောက် လုပ်ကိုင်နေသည့် အလုပ်သမားများလည်း ရှိကြောင်း သိရသည်။