ဒုတိယအကြိမ် ပါတီညီလာခံကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီးအရှေ့ပိုင်းခရိုင်မှပါတီဝင်များစုပေါင်းသွေးလှူ

ရန်ကုန်တိုင်းဒေသကြီး အရှေ့ ပိုင်းခရိုင် မြို့နယ် ၁၄ မြို့နယ်မှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီဝင်အင်အား ၂၇ဝ သည် ယနေ့နံနက် ၉ နာရီတွင် ရန်ကုန် ပြည်သူ့ဆေးရုံကြီးအမျိုးသားသွေး လှူဘဏ်သို့ သွားရောက်သွေးလှူ ဒါန်းကြသည်။

13912519_857253431074737_2493985332041942809_n


ပြည်ခိုင်ဖြိုးပါတီဒုတိယ အကြိမ်ပါတီညီလာခံကိုထောက်ခံ ကြိုဆိုဂုဏ်ပြုသော အားဖြင့် ရန်ကုန်အရှေ့ပိုင်းခရိုင် မြို့နယ် ၁၄ မြို့နယ်တို့မှ ပါတီဝင်များ၊ ပါတီ ဝန်းရံမိတ်ဆွေများ၏ သွေးလှူ ဒါန်းပွဲအခမ်းအနားတွင်ရန်ကုန်တိုင်း ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးသာဝင်း၊အမျိုးသားသွေးလှူဘဏ် တာဝန်ခံဒေါက်တာ ဒေါ်သီတာ အောင်တို့က ကျေးဇူးတင်စကား ပြောကြားသည်။

ပြည်ခိုင်ဖြိုးပါတီဝင်များသွား ရောက်သွေးလှူဒါန်းကြသည်မှာ (၂၅)ကြိမ်မြောက်ရှိပြီဖြစ်ပြီး ယနေ့ အခမ်းအနားသို့ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရေးမှူးဦးသာဝင်း နှင့်အရှေ့ပိုင်းခရိုင်ဥက္ကဋ္ဌဦးစိန်မြင့်၊ ခရိုင်ကော်မတီဝင်များ၊၁၄မြို့နယ် မှတာဝန်ရှိသူများ၊မြို့နယ်ကော်မတီ ဝင်များတက်ရောက်ပြီးသွေးလှူဒါန်း သူများကိုအားပေးပြီး လိုအပ်သော အားဆေး၊ အစားအသောက်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဖိုးချို(ယူနီယံ)


Leave a Reply