နိုင်ငံတော်သြဝါဒါစရိယ စုဒ္ဒသမရွှေကျင်သာသနာပိုင်ဆရာတော်ကြီး အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တအဂ္ဃိယ အန္တိမဈာပန သာဓုကီဠနပူဇော်ပွဲ ကျင်းပနိုင်ရေး ပြည်ခိုင်ဖြိုးပါတီဝင်များ တစ်တပ် တစ်အား ပါဝင်၍လုပ်အားဒါနပြု

 

နိုင်ငံတော်သြဝါဒါစရိယစုဒ္ဒသမ ရွှေကျင်သာသနာပိုင်ဆရာတော်ကြီး အဘိဓဇမဟာရဋ္ဌဂုရုဘဒ္ဒန္တအဂ္ဃိယ၏ အန္တိမဈာပနသာဓုကီဠနပူဇော်ပွဲ ကျင်းပနိုင်ရေးအတွက် လိုအပ်သည့်ပြင်ဆင်မှုများကို အဆိုပါ ပူဇော်ပွဲပြုလုပ်မည့် အောင်မြေသာစံ မြို့နယ် ဥပုသ်တော်ရပ်ကွက်ရှိ ရွှေ မန်းတောင်အားကစားကွင်း၌အလယ် ပိုင်းတိုင်းစစ်ဌာနချုပ် မန္တလေးတပ်နယ်မှတပ်မတော်သာ များနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝန်ထမ်းများ စုပေါင်းဆာင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ (၁၆) ရက် နံနက်ပိုင်းတွင် တိုင်းမှူးနှင့် တာဝန်ရှိသူ များက သွားရာက်ကြည့်ရှု၍ ဗဟိုမဏ္ဍပ်နှင့် ဆရာတော်ကြီးအား မီးပူဇော်မည့် လောင် တိုက်ပြာသာဒ်ဆောင်တို့ကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သည်။

ထို့ပြင် သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်များ၏ အဓိပတိအဘိဓဇ မဟာရဋ္ဌဂုရု ရွှေကျင်နိကာယဥပ ဥက္ကဋ္ဌ မဟာနာယကဆရာတော် ဒေါက်တာဘဒ္ဒန္တဥာဏိဿရနှင့် ရန်ကုန်မြို့ အပြည်ပြည် ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ပဋိပတ္တိမဟာဌာန ပါမောက္ခမဟာ ဌာနမှူး မဟာဓမ္မကထိက ဗဟုဇန ဟိတဓရမဟာသဒ္ဓမ္မဇောတိကဓဇ မဟာဂန္ထဝါစကပဏ္ဍိတ မဟာကမ္မ ဋ္ဌာနာစရိယဓမ္မဒူတဒေါက်တာအရှင် ဆေကိန္ဒတို့ ကြွေရာက်ကြည့်ရှု ပြီးလိုအပ်သည်များမိန့်ကြားသည်။

ပြည်ခိုင်ဖြိုးပါတီဝင်များအနေဖြင့် ဘာသာသာသနာအတွက် ကျရာအခန်းကဏ္ဍမှ ဦးလည်မသုန် ဆောင်ရွက်လျက်ရှိရာ၊ ဝါဆို ဆရာတော်ကြီးဈာပနတွင်လည်း နေ့စဉ် လုပ်အားဒါနပြုလျက်ရှိသည်။

နာင်တွင်လည်း ဘာသာသာသနာအတွက်ထမ်းဆောင်သွားကြဦးမည် ဖြစ်ကြောင်း အန္တိမဈာပနပွဲ ကျင်းပ နိုင်ရေးပြင်ဆင်သည့်နေရာတွင်လုပ်အားပေးလျက်ရှိသည့် မန္တလေး တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင်တစ်ဦးကပြောသည်။

နေထက်ဝေ