တိုင်းပါတီ ကော်မတီဝင် နယ်မြေကွင်းဆင်း

 

ရန်ကုန် မေ ၉

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တိုင်းပါတီကော်မတီဝင် ဦးတင်ဝင်းသည် ယမန်နေ့ နံနက်ပိုင်းတွင် ကမာရွတ်မြို့နယ်သို့ ရောက်ရှိပြီး မြို့နယ်ရပ်ကွက်ပါတီ ကော်မတီဝင်များနှင့် တွေဆုံရာတွင် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမျိုးအောင်၊ ဘဏ္ဍာရေးမှူး ဦးကျော်ထိန်လင်း၊ စည်းရုံးရေးရာတာဝန်ခံ ဦးဗိုလ်စော၊ မြို့နယ်ပါတီ ကော်မတီဝင် ဦးသန်းဇော်၊ ဦးခွန်ကျော်မြင့်လှိုင်၊ ဒေါ်ယဉ်မင်းအေး၊ ဒေါ်အေးကြည်ပြာမောင်နှင့် ရပ်ကွက် ၁ဝ ရပ်ကွက်မှ ပါတီ ဥက္ကဋ္ဌများ၊ ပါတီကော်မတီဝင်များ တက်ရောက်ကြသည်။

တွေ့ဆုံရာတွင် တိုင်းပါတီကော်မတီဝင် ဦးတင်ဝင်းက ပါတီဝင်စိစစ်ရေး လုပ်ငန်းများ၊ ပါတီဝင် အင်အားတိုးချဲ့ စည်းရုံးရရှိရေးနှင့် ၂ဝ၂ဝ ပါတီအောင်နိုင်ရေး ကိစ္စရပ်များအား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသော မြို့နယ်ပါတီဥက္ကဋ္ဌနှင့် ပါတီကော်မတီဝင်များ၊ ရပ်ကွက်ပါတီဥက္ကဋ္ဌနှင့် ပါတီကော်မတီဝင် များက သိရှိလိုသည်များကိုမေးမြန်း တင်ပြခဲ့ကြသည်။ ထို့နောက် တိုင်းပါတီကော် မတီဝင်ဦးတင်ဝင်းက မေးမြန်းတင်ပြချက်များကို ပြန်လည်ရှင်း လင်းဆွေးနွေး မှာကြားခဲ့ပြီး တွေ့ဆုံပွဲကို အောင်မြင်စွာ ရုပ်သိမ်း ခဲ့ကြောင်း သိရသည်။ ဗိုလ်စော(ကမာရွတ်)