ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီညီလာခံ တက်ရောက်မည့်ကိုယ်စားလှယ်နှင့်တွေ့ဆုံခြင်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ပါတီညီလာခံကို မကြာမီကျင်းပတော့မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပါတီသည် ရပ်ကွက်၊ ကျေးရွာ၊မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်အထိ မျက်နှာစုံညီအစည်းအဝေးများကျင်းပပြီး တိကျသောမူဝါဒ၊ ပွင့်လင်းမြင်သာသော ရွေးချယ်တင်မြှောက်မှုများနှင့် ပါတီအဆင့်ဆင့်ကိုရွေးချယ်ခဲ့သည်။ ၄င်းပါတီကော်မတီဝင်များက ညီလာခံသို့တက်ရောက်မည့် ကော်မတီဝင်များကိုလည်း သတ်မှတ်စည်းမျဉ်းစည်းကမ်းများအရ ရွေးချယ်ခဲ့ပြီး ဖြစ်သည်။ ထိုရွေးချယ်ခံကိုယ်စားလှယ်များမှ ဦးမင်းသိန်းထွန်းအား တွေ့ဆုံမေးမြန်းခဲ့မှုများကိုတင်ပြအပ်ပါသည်။

92444279-13082016

ဦးမင်းသိန်းထွန်းမရမ်းကုန်းမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ

• လက်ရှိ မြို့နယ်ဥက္ကဋ္ဌတာဝန်ဆို တော့ အရင်ပါတီမှာဘယ်အပိုင်းကဏ္ဍ ကနေ တာဝန်ယူဆောင်ရွက်ခဲ့တယ်ဆိုတာ သိချင်ပါတယ်။
ကျွန်တော်က ၂ဝဝ၅ခုနှစ်မှာ အသင်း ဝင်စဖြစ်ပါတယ်။ ၂ဝဝ၆ခုနှစ်မှာရပ်ကွက် အရန် အမှုဆောင်ကနေပြီးတော့ မြို့နယ် အရန်အမှုဆောင်ဖြစ်ပါတယ်။၂ဝဝ၇ ခုနှစ် မှာ မြို့နယ်အလုပ်အမှုဆောင်ဖြစ်ပါတယ်။ ၂ဝဝ၈ ခုနှစ်မှာ အများဆန္ဒမဲနဲ့ မြို့နယ်တွဲ ဖက်အတွင်းရေးမှူးဖြစ်ခဲ့ပါတယ်။ အဲ့ဒီ နောက်၂ဝ၁၆ခုနှစ်မှာ အများဆန္ဒနဲ့မြို့နယ် ဥက္ကဋ္ဌတာဝန်ကိုပေးအပ်ခြင်းခံရပါတယ်။

• မြို့နယ်ပါတီဥက္ကဋ္ဌကိုရပ်ကျေးအဆင့် ဆင့်ကနေ ရွေးချယ်ခဲ့ရတာဆိုတော့ ရွေး ချယ်ခဲ့ပုံလေးကို ပြောပြပေးပါဦး။
ကျွန်တော်တို့မြို့နယ်မှာ ရပ်ကွက် ၁ဝခုရှိပါတယ်။ မြို့နယ်အဖွဲ့နှစ်ဖွဲ့လောက် ခွဲပြီး ရပ်ကွက်တွေကို ကွင်းဆင်းပြီး မြို့ နယ်ရွေးချယ်ပွဲအတွက် အခြေခံစည်းမျဉ်း ပါတွေရော၊ ညွှန်ကြားချက်တွေအတိုင်း ကွင်းဆင်းဆောင်ရွက်ခဲ့ပါတယ်။ ဆောင် ရွက်တဲ့နေရာမှာ ကျွန်တော်တို့ပါတီဝင် ထုတွေက အားတက်သရောပါပဲ။ပြိုင်ဆိုင် မှုလည်း ပြင်းထန်တဲ့နေရာတွေလည်းရှိခဲ့ ပါတယ်။ ဒီမိုကရေစီနည်းကျပါပဲ။ တချို့ ရပ်ကွက်တွေဆို ကြီးတဲ့အတွက် လူဦးရေ က ၄ဝဝဝဝ လောက်ရှိတဲ့ ရပ်ကွက်တွေရှိ တယ်။ ၃ဝဝဝဝ ကျော်ရှိတဲ့ရပ်ကွက်တွေ လည်းရှိပါတယ်။ အဲ့ဒီရပ်ကွက်တွေမှာ အပိုင်းအလိုက်အစုအစုတွေနဲ့ တစ်ဆင့် ချင်းလာပြီးမှအစုကိုယ်စားလှယ်တွေနဲ့ရပ် ကွက်အတွက်အမှန်တကယ် ဒေသအကျိုး ကို လုပ်နိုင်မယ့်သူ၊ ကျွန်တော်တို့ပါတီ ပေးအပ်တဲ့တာဝန်ကို လုပ်နိုင်မယ့်သူတွေ ကို ကျွန်တော်တို့က ရွေးချယ်ပြီးတော့မှ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ရပ်ကွက် အမှုဆောင်အဖွဲ့ပူးပေါင်းပြီးတော့ အပိုင်း လိုက် အပိုင်းလိုက် ကတက်လာတဲ့သူတွေ ကိုအများဆန္ဒနဲ့မဲပေးပြီး ငါးဦးကိုဖွဲ့စည်း ပါတယ်။ အများဆုံးရတဲ့ သူကတော့ (ပ) ခေါင်းဆောင်၊ ဒုတိယအများဆုံးရတဲ့သူ ကတော့(ဒု)ခေါင်းဆောင်ပေါ့။ အများ ဆန္ဒအတိုင်းရွေးခဲ့ပါတယ်။ အဲ့ဒီအထဲကမှ (ပ)ခေါင်းဆောင်နဲ့ (ဒု)ခေါင်းဆောင်ကို မြို့နယ်ကိုယ်စားလှယ်အဖြစ် သတ်မှတ်ပါ တယ်။ အချို့ (ပ-ဒု)ခေါင်းဆောင်တွေက ရပ်ကွက်ထဲမှာပဲ ထဲထဲဝင်ဝင်လုပ်ချင်တဲ့ အခါကျတော့ ဒီငါးဦးထဲကမှ ထောင်စု မှူးလောက်ရှိတဲ့သူတွေက မြို့နယ်ကိုယ် စားလှယ်ကို ထပ်ရွေးပေးပါတယ်။စည်း မျဉ်း၊ စည်းကမ်းအရပါ။ တချို့ အရွေးခံ ရတဲ့ (ပ-ဒု)ခေါင်းဆောင်တွေက အသက် အရွယ်အရ၊ ကျန်းမာရေးအရ မလာချင်တဲ့ အခါ ရပ်ကွက်ပါတီဝင်ထုရဲ့ ဆုံးဖြတ် ချက်နဲ့ပဲ မြို့နယ်ကိုယ်စားလှယ်ကို ထပ် ရွေးပါတယ်။ ရပ်ကွက်တွေနည်းတဲ့အခါ ကျတော့ အဲ့ဒီငါးယောက်စလုံးကို မဲပေး ခွင့်ထဲကိုထည့်ပြီး လက်ရှိ ရှိတဲ့မြို့နယ်က ၁၂ဦးရယ်၊ ရပ်ကွက် ၁ဝ ရပ်ကွက်က အယောက် ၅ဝ ရယ်၊ ကျွန်တော်တို့က တစ်ခါပြန်ပြီး ၆၂ ဦးရဲ့ ဆန္ဒနဲ့ပဲ ပြန်ပြီး ရွေးချယ်ပါတယ်။

• ပြိုင်ဆိုင်မှုပြင်းထန်ခဲ့တယ်ဆိုတာ ဘာကိုပြောချင်တာပါလဲခင်ဗျ။
ပြိုင်ဆိုင်မှုပြင်းထန်တယ်ဆိုတာက ပါတီတာဝန်တွေကို သူတို့ဆက်လက် ထမ်းဆောင်ချင်စိတ်ရှိတဲ့အတွက်ကြောင့် ပါတီနဲ့လည်း မကင်းကွာချင်တာဖြစ်တဲ့ အတွက် ပြိုင်ဆိုင်မှုတွေပြင်းထန်တာပေါ့။အများဆန္ဒနဲ့ရွေးချယ်တာ၊ ဗဟိုဦးစီးစနစ် မဟုတ်တဲ့အခါကျတော့ ကိုယ်ကလည်း လက်ရှိတာဝန်ထမ်းဆောင်ချင်တော့ ပြိုင် ဆိုင်မှုတွေပြင်းထန်ခဲ့ပါတယ်။

• ၂ဝ၁၅ ရွေးကောက်ပွဲပြီး နောက် ပိုင်းမှာလည်း ပါတီဝင်တွေ နုတ်ထွက် ကြတယ်လို့ကြားရတယ်။ အဲ့ဒီအပေါ်မှာ ဘာများပြောချင်ပါသလဲ။
အောက်ခြေပိုင်းကတော့ နုတ်ထွက် တာမရှိပါဘူး။ ပိုလို့တောင် စိတ်ဓာတ် တွေ ပြင်းထန်ပြီး ပိုလုပ်ချင်တာပေါ့နော်။ ခုနက ပြိုင်ဆိုင်မှုပြင်းထန်တယ်ဆိုတာ အဲ့ဒါပေါ့။ ၂ဝ၁၅ မှာ ကျွန်တော် တို့ ရှုံးလိုက်တာဖြစ်တဲ့အတွက်ကြောင့် တကယ်လည်း ကျွန်တော်တို့ပြည်သူ့ အကျိုးကိုဆောင်ရွက်ခဲ့တယ်။ တကယ် လည်း စွမ်းနိုင်သမျှလုပ်ပေးခဲ့ပြီး မဲရလဒ် ကြီးကိုကြည့်ပြီးတော့မှ မနုတ်ထွက်တဲ့ အပြင် ပိုပြီးအားထည့်လာတာ ကျွန်တော် တို့ရပ်ကွက်တွေမှာ တွေ့ရပါတယ်။ ပိုပြီး စုစုစည်းစည်းနဲ့နောင်လာမယ့်ရွေးကောက် ပွဲတွေမှာလုပ်မယ်ဆိုတဲ့ စိတ်ဓာတ်တွေ မြို့နယ်၊ရပ်ကွက်တွေမှာ ရှိပါတယ်။ ဒါက တကယ့် အရှိတရားပါ။

• အရင်ပါတီညီလာခံတွေ ဆောင်ရွက် ခဲ့ပါတယ်။ ပါတီမူမပြောင်းဘဲနဲ့ အခု နောက်ပိုင်းရွေးချယ်ပွဲတွေမှာ ပြောင်းလဲ စွာဆောင်ရွက်ခဲ့တာကိုတွေ့ရပါတယ်။ ဘယ်လိုများဆောင်ရွက်ခဲ့ပါသလဲ။ အရင် ကနဲ့ ဘာကွာသွားပါသလဲ။
Selected ရွေးချယ်တာတော့ အနည်း အကျဉ်းပါတာပေါ့။ ၁၅ ဦးမှာ လေးဦး လောက်ပါတယ်။မြို့နယ်မှာပေါ့။ မဲပေးပုံ ပေးနည်းတွေက အဆင့်ဆင့်ပေးလာခဲ့တာ လေ။ တချို့နည်းနည်းကွဲပြားတာ ရှိတာ ပေါ့။ ရပ်ကွက်၊ကျေးရွာအုပ်စုများတဲ့သူ ကျတော့ တစ်ရပ်ကွက်ကို နှစ်ယောက် လောက်၊ ကျွန်တော်တို့လို ၁ဝ ရပ်ကွက်ပဲ ရှိတဲ့သူတွေကျတော့ တစ်ရပ်ကွက်ကို ငါးယောက်လောက်ဒါလေးတွေကွဲတယ်။ အဲ့ဒီ ငါးယောက်ကို ရပ်ကွက်ကိုယ်စား လှယ်အဖြစ်လည်း ထည့်တယ်။ ညီလာခံ ကိုယ်စားလှယ်အဖြစ်လည်း ထည့်တယ်။ အရင်တုန်းကတော့ ကျွန်တော်တို့က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဆိုတော့ တွဲဖက်အတွင်းရေးမှူးနေရာဝင် ပြီးတော့ ရွေးထားတာဆိုတော့ အဲ့ဒီနေရာ ကိုပဲပြန်ရတယ်။ ကျွန်တော့်နေရာကို ဘယ်သူမှလာယူလို့လည်းမရဘူး။ ကျွန် တော်ကလည်း အပေါ်တက်ချင်လို့မရဘူး။ လွှတ်တော်ကိုယ်စားလှယ်တွေသည် လက်ရှိနေရာအတိုင်းပဲဆိုပြီးတော့ အရင် တုန်းကရွေးခဲ့တယ်။ ၂ဝ၁၂ ခုနှစ်လောက် က ကော်မတီဝင်ဆိုလည်း ကော်မတီဝင်၊ အတွင်းရေးမှူးဆိုလည်း အတွင်းရေးမှူး ပေါ့။ ကျန်တာတွေကတော့ အများဆန္ဒ နဲ့ရွေးချယ်ခဲ့တာပေါ့။

• လာမယ့်ပါတီညီလာခံမှာ ကိုယ်စား လှယ်တစ်ယောက်အနေနဲ့ တက်ရောက် တော့မယ်ဆိုတော့ ဘာတွေပြင်ဆင်ထား ပါသလဲ။
ညီလာခံကိုယ်စားလှယ်မှာ ဆွေးနွေး ခွင့်အစုအဖွဲ့မှာ ဘယ်အစုအဖွဲ့မှာ ပါမလဲ တော့မသိဘူး။ ကျွန်တော်တို့နိုင်ငံနဲ့ လူမျိုးအတွက်ကျွန်တော်တို့ပါတီ အကျိုး အတွက်ရော အကျိုးရှိမယ့်ကိစ္စရပ်တွေကို ဆွေးနွေးဖို့ပြင်ဆင်ထားပါတယ်။ အချက် အလက်တွေကို လေ့လာထားပြီးပါပြီ။

• ဒီမိုကရေစီနည်းလမ်းကျကျ ရွေး ချယ်ခံပြီး ပါတီညီလာခံကိုတက်မယ့် ကိုယ်စားလှယ်တစ်ဦးအနေနဲ့ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ဒီလို ဆောင်ရွက်နေပါတယ်ဆိုတာကို ပြည် သူကို ဘယ်လိုအသိပေးချင်ပါသလဲ။
ကျွန်တော်တို့တွေက ပြောင်းလဲမှုမရှိ ပါဘူးလို့။ ရောက်ရာ အခန်းကဏ္ဍကနေ ပြည်သူ့အကျိုးကို အရင်လိုပဲဆက်လက် ဆောင်ရွက်သွားမယ်။ မဲမပေးလို့လည်း ပြည်သူအပေါ်မှာ စိတ်လည်းမဆိုးဘူး။ စိတ်လည်းမကောက်ဘူး။ ပြည်သူ့အကျိုးကို အရင်လိုပဲဆက်လက်ဆောင်ရွက်သွားမှာပါ။

• အစ်ကို့အနေနဲ့ ဘာများဖြည့်စွက် ပြောချင်တာများရှိပါသလဲ။
ကျွန်တော်အနေနဲ့ ပြောချင်တာက ဖွဲ့စည်းပုံအရ ဒီလိုရှိတဲ့အခါကျတော့ ပြိုင် ဆိုင်မှုတွေပြင်းထန်တယ်။ ထင်သလိုဖြစ် မလာဘူး။ မဲမရတဲ့အခါမျိုးတွေကျတော့ ပါတီတွင်းမှာ ပွန်းပဲ့တာလေးတွေရှိတာ ပေါ့။ ရပ်ကွက်တွေမှာ အားကောင်း တဲ့ဘက်က မဲရသွားတဲ့အခါမျိုးတွေကျ တော့ ပွန်းပဲ့တာပေါ့။ကျွန်တော်တို့အမြင် က မျိုးဆက်သစ်ကိုမွေးချင်တယ်။ ကျွန် တော်တို့ဆိုရင် မြို့နယ်ဥက္ကဋ္ဌတွေ၊ အတွင်း ရေးမှူးတွေက အဓိကကျတယ်။ အခွင့် သာရင်တော့ ပြောချင်တယ်။ ကျွန်တော် တို့ဥက္ကဋ္ဌဖြစ်တယ်။ ဒီဥက္ကဋ္ဌကြီးပဲ အမြဲ တမ်းဖြစ်နေမယ်ဆိုရင် ကျွန်တော်တို့ပါတီ အတွက်နစ်နာတယ်။ အတွင်းရေးမှူးဆို လည်း သက်တော်ရှည်အတွင်းရေးမှူးတွေ လည်းရှိပါတယ်။ ကျွန်တော်တို့လည်း ခုသက်တမ်းဥက္ကဋ္ဌဖြစ်၊ နောက်သက်တမ်း ဥက္ကဋ္ဌဖြစ်၊ နောက်ဆိုမျိုးဆက်သစ်ကို တာဝန်ပေးရမယ်။ မြို့နယ်မှာဆိုရင်လည်း အသက် ၅ဝ ကျော်မှ ဥက္ကဋ္ဌတို့အတွင်း ရေးမှူးတို့၊ ဘဏ္ဍာရေးမှူးတို့ မလုပ်သင့် ဘူးထင်တာပေါ့နော်။ခရိုင်တို့ ဘာတို့ ဆို ရင် အသက် ၆ဝ၊ ၇ဝ တော်ပြီပေါ့ဗျာ။ ဒါမှသာလျှင် ပါတီကအမြဲတမ်းလန်းဆန်း တက်ကြွပြီး ပိုမိုအောင်မြင်မယ်လို့ထင်မိ တာပေါ့နော်။ ရှေ့ကနေ ပိတ်ရပ်မနေဘဲနဲ့ ပါတီဖွဲ့စည်းပုံစည်းကမ်းတွေမှာ အများ ဆန္ဒအရထည့်သွင်းမယ်ဆိုရင် ပိုကောင်း မှာပါ။ ရပ်ကွက်၊ မြို့နယ်၊ ခရိုင်တွေမှာ အသက်အရွယ်သတ်မှတ်ခြင်းတို့ ဖြစ်သင့် တာပေါ့။ ငါ့သက်တမ်းက ဒီလောက် ရှိတယ်။ ငါ့လက်ထက်မှာ ဘယ်လို ကောင်းအောင် ဆောင်ရွက်သွားမယ်ဆိုပြီး လုပ်ဆောင်ရင် ပိုပြီးကောင်းမွန်မယ်လို့ မျှော်လင့်ပါတယ်။

နေထက်ဝေ


Leave a Reply