ဌာနချုပ်ရုံးပါတီဝင်လူငယ်များ ပရဟိတ အဖွဲ့ အာဟာရဒါနကျွေးမွေးလှူဒါန်း

နေပြည်တော် ဒက္ခိဏသီရိမြို့ နယ်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ်ရုံး ရုံးဝန် ထမ်း လူငယ်မောင်မယ်များက စု ပေါင်းဖွဲ့စည်းထားသော ပရဟိတ အကျိုးဆောင်အဖွဲ့မှ ယခုလ ၆ရက် မွန်းလွဲ ၁ နာရီတွင် ဇေယျာ သီရိမြို့နယ် ရွာသစ်ကြီးကျေးရွာရှိ အမှတ်(၈၆)အခြေခံပညာမူလတန်း ကျောင်းသို့ အာဟာရဒါနကျွေးမွေး လှူဒါန်းကြသည်။
အဆိုပါအာဟာရကျွေးမွေးရာ တွင် ပါတီဝင်ပရဟိတလူငယ် မောင်မယ်များနှင့် အမှတ်(၈၆) အခြေခံပညာမူလတန်းကျောင်း အုပ် ဆရာမကြီး ဒေါ်လှလှဝင်းနှင့် ဆရာဆရာမများက ကျောင်းသား ကျောင်းသူ ၁၇၁ ဦးအား အာဟာရ ဒါနအဖြစ် ပေါင်မုန့်နို့ဆမ်းများဖြင့် ကျွေးမွေးဒါနပြုကြကြောင်း သိရ သည်။ ထိုသို့ပရ ဟိတလူငယ် မောင်မယ်များတို့သည် ယခုအကြိမ် မှာ ဒုတိယအကြိမ် အာဟာရဒါန ပြုကြပြီး နောင်တွင်လည်း လစဉ် လတိုင်းဆက်လက်ဒါနပြုလှူဒါန်း မှုများဆက် လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

အေးကိုကို


Leave a Reply