ပြည်ခိုင်ဖြိုးပါတီ လူငယ်ညီလာခံအကြို မြို့နယ်အဆင့် လူငယ်တွေ့ဆုံပွဲကျင်းပ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လူငယ်ညီလာခံ အကြို မြို့နယ်အဆင့် လူငယ်တွေ့ ဆုံပွဲကို ယမန်နေ့နံနက်၁ဝနာရီက ကချင်ပြည်နယ် မိုးကောင်းမြို့ အရှေ့ရပ်ကွက်ရှိ မိုးကောင်းမြို့ နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီရုံး၌ကျင်းပရာ ရှေးဦး စွာတက်ရောက်လာကြသူများက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော်အလံအား အလေးပြုခြင်း၊ နိုင်ငံတော်သီချင်းသံပြိုင်သီဆိုခြင်း များဆောင်ရွက်ကြပြီး သဘာပတိ မြို့နယ်ပါတီကော်မတီဥက္ကဋ္ဌဦးထွန်း ထွန်းအောင်က အမှာစကားပြော ကြားသည်။

ဆက်လက်၍ မြို့နယ်ပါတီ ကော်မတီ အရန်ကော်မတီဝင် ဦးသက်နိုင်ဝင်းကလူငယ်တွေ့ဆုံပွဲ ကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်း လင်းပြောကြားပြီး မိုးကောင်းမြို့ ဈေးကုန်းရပ်ကွက်နေပါတီဝင် လူ ငယ် မောင်မြတ်ကိုကိုအောင်က နိုင်ငံတော်၏ လက်ရှိနိုင်ငံရေး အခြေအနေများကိုလည်းကောင်း၊ နမ္မတီးမြို့မြတောင်ကျေးရွာအုပ်စုနေ ပါတီဝင်လူငယ်မောင်ကျော်ရဲထွဋ် ကပါတီ၏စည်းရုံးရေးအခြေအနေ များကိုလည်းကောင်း ဆွေးနွေး ပြောကြားကြသည်။
ထို့နောက်တွေ့ဆုံပွဲသို့နယ်မြေ အလိုက်တက်ရောက်လာကြသည့် ပါတီဝင်လူငယ်များက လူငယ် လှုပ်ရှားမှုအဖွဲ့ခုနစ်ဖွဲ့အတွက် ကိုယ်စားလှယ်တစ်ဦးစီနှင့်အဖွဲ့ ခေါင်းဆောင်နှစ်ဦးတို့ကို ဆန္ဒမဲ ပေးရွေးချယ်ကြပြီး သဘာပတိမြို့ နယ်ပါတီကော်မတီဥက္ကဋ္ဌဦးထွန်း ထွန်းအောင်က နိဂုံးချုပ်အမှာ စကားပြောကြားကာပါတီလူငယ် တေးသီချင်းများသံပြိုင်သီ ဆိုခဲ့ ကြကြောင်း သိရသည်။

ဝင်းအောင်(မိုးကောင်း)