ပါတီအထွေထွေအတွင်းရေးမှူး မွန်ပြည်နယ် အတွင်းရှိ ပြည်နယ် ခရိုင်၊ မြို့နယ်ပါတီဥက္ကဌ များနှင့် တွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်းသည် ၂၀၁၇ခုနှစ် မေလ ၁၆ ရက်နေ့ နံနက် ၇း၃၀ နာရီ အချိန်တွင် မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ပါတီဥက္ကဌများအား တွေ့ဆုံကာ လမ်းညွှန် အမှာစကားပြောကြားရာတွင် မိမိတို့ပါတီ၏ ဆောင်ရွက်လျှက်ရှိသည့်လုပ်ငန်းစဉ်များ၊ ရှေ့ဆောင်ရွက်မည့်လုပ်ငန်းစဉ် များအား အားအကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ပါတီအတွင်းရေးမှူးမှ မွန်ပြည်နယ်ပါတီ၏ ဆောင်ရွက်လျှက်ရှိသော လုပ်ငန်းစဉ်များ၊ ခရိုင်၊ မြို့နယ်များမှ ဆောင်ရွက်လျှက်ရှိကြသည့် ပါတီလုပ်ငန်းစဉ်များ၊ ရှေ့ဆောင်ရွက်မည့် လုပ်ငန်းများအား တင်ပြ ဆွေးနွေးပြီး ပါတီအထွေထွေအတွင်းရေးမှူး မှ နိဂုံးချုပ်လမ်းညွှန်အမှာစကား ပြောကြားကာ အစည်းအဝေးအောင်မြင်စွာ ပြီးမြောက်ခဲ့သည်။

အဆိုပါအစည်းအဝေးသို့ ပါတီ အထွေထွေ အတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ မွန်ပြည်နယ်ပါတီ အတွင်းရေးမှူး ဦးဝင်းမော်ဦး၊ ပြည်နယ်ပါတီ ကော်မတီဝင်များ၊ ခရိုင် ၂ ခရိုင်မှ ခရိုင်ဥက္ကဌများ၊ မြို့နယ် ၁၀ မြို့နယ်မှ ပါတီဥက္ကဌများ စုံလင်စွာ တက်ရောက်ကြကြောင်း သိရှိရပါ သည်။

#Ayemintun