သေဒဏ် ပြန်လည်ကျင့်သုံးလိုကြောင်း တူရကီသမ္မတ အာဒိုဂန် ပြောကြား

2016-08-08-062247

တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့မှာ ပြုလုပ်ခဲ့တဲ့ အစိုးရထောက်ခံမှု လူထုစုံးရုံးချီတက်ပွဲ အခမ်းအနားကို တနင်္ဂနွေနေ့ (သြဂုတ် ၇ ရက်) က ပြုလုပ်ခဲ့ရာ သမ္မတအာဒိုဂန် တက်ရောက်ခဲ့ပါတယ်။ အဆိုပါ လူထုအခမ်းအနားမှာ တူရကီ သမ္မတက လွှတ်တော်နဲ့ပြည်သူက ထောက်ခံပါက သေဒဏ် ပြန်လည်ကျင့်သုံးသွားမယ်လို့ ပြောကြားလိုက်ပါတယ်။

အာဒိုဂန်က တူရကီပြည်သူများ သိန်းနဲ့ချီ ပါဝင်တက်ရောက်တဲ့ လူထုအခမ်းအနားမှာ မိန့်ခွန်းပြောကြားစဉ် သေဒဏ် ပြန်လည်ကျင့်သုံးမယ့် အစီအစဉ်ကို ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လအတွင်းက အာဏာသိမ်းရန် ကြိုးပမ်းမှု မအောင်မြင်ခဲ့ပြီးနောက် အစိုးရထောက်ခံရေး လူထုအခမ်းအနားကို အစ္စတန်ဘူလ်မှာ ပြုလုပ်ခဲ့တာပါ။

ဒါ့အပြင် အာဏာသိမ်းရန် ကြံစည်မှုကို နောက်ကွယ်မှ ကြိုးကိုင်စီစဉ်ခဲ့တဲ့ ဖက်သူလာဂူလင်ကို ထောက်ခံသူ အားလုံးကို ဖယ်ရှားရှင်းလင်းသွားမယ်လို့လည်း အာဒိုဂန်က ပြောပါတယ်။

အမေရိကန်မှာ နေထိုင်တဲ့ ဂူလင်ဟာ အာဏာသိမ်းမှုကို နောက်ကွယ်မှ စီစဉ်ခဲ့ကြောင်း တူရကီအစိုးရက စွပ်စွဲထားပြီး ဂူလင်က ၎င်း ပါဝင်ပတ်သက်မှုမရှိကြောင်း ငြင်းဆိုထားပါတယ်။ ဇူလိုင် ၁၅ ရက်က ဖြစ်ပွားခဲ့တဲ့ အာဏာသိမ်းရန် ကြိုးပမ်းမှုဖြစ်စဉ်အတွင်း လူ ၂၇၀ ကျော် သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။

Source & Photo: BBC


Leave a Reply