မက္ကစီကိုမှာ မုန်တိုင်းကြောင့် သေဆုံးသူအရေအတွက် မြင့်တက်လာ

2016-08-08-063911

မက္ကစီကိုနိုင်ငံကို အပူပိုင်းမုန်တိုင်း Earl ဝင်ရောက်တိုက်ခတ်ခဲ့ပြီးနောက် မိုးသည်းထန်စွာ ရွာသွန်းကာ ရေကြီမှုနဲ့ ရွှံ့နွံများ ပြိုကျမှုတို့ကြောင့် သေဆုံးသူ အရေအတွက်မှာ ၃၈ ဦးအထိ မြင့်တက်လာကြောင်း သိရပါတယ်။ ရေကြီးမှုနဲ့ ရွှံ့နွံပြိုကျမှုတွေ အဆိုးဆုံးဖြစ်ခဲ့တဲ့ ပူးဘလာပြည်နယ်မှာ လူ ၂၈ ဦး သေဆုံးခဲ့ပြီး ဗာရာခရုဇ်ပြည်နယ်မှာ လူ ၁၀ ဦး သေဆုံးခဲ့ပါတယ်။

တနင်္ဂနွေနေ့ (သြဂုတ် ၇ ရက်) ညပိုင်းအထိ စာရင်းများအရ သေဆုံးသူဦးရေ ၁၈ ဦးရှိခဲ့တာ ဖြစ်ပါတယ်။ Earl မုန်တိုင်းမှာ မက္ကစီကိုနိုင်ငံကို ဝင်ရောက်တိုက်ခတ်ခြင်း မပြုမီ ဘီလစ်ဇ်နိုင်ငံကို ဖြတ်သန်းတိုက်ခတ်ခဲ့ပါတယ်။ မုန်တိုင်းကြောင့် ဘီလစ်ဇ်မှာ အနည်းဆုံး လူ ၁၅ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

Source & Photo: Reuters, BBC


Leave a Reply