ပုဂ္ဂလိကပညာရေးဥပဒေပြဋ္ဌာန်းပြီးပါက လက်ရှိဖွင့်လှစ်ထားသည့် နိုင်ငံတကာတက္ကသိုလ်/ ကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများ ပြန်လည်မှတ်ပုံတင်ရမည်

မြန်မာနိုင်ငံတွင် လက်ရှိဖွင့်လှစ်ထားသော နိုင်ငံတကာတက္ကသိုလ်/ကျောင်းများ၊ ပုဂ္ဂလိက ကိုယ်ပိုင်အထက်တန်း ကျောင်းများသည် ရေးဆွဲလျက်ရှိသည့်ပုဂ္ဂလိက ပညာရေးဥပဒေတွင် အကျုံးဝင်မည်ဖြစ်ပြီး အဆိုပါဥပဒေပြဋ္ဌာန်း ပြီးပါက ယင်းကျောင်းများအနေဖြင့် သက်ဆိုင်ရာဦးစီးဌာနတွင် ပြန်လည်မှတ်ပုံတင်ရမည်ဖြစ်ကြောင်း သိရသည်။

ပုဂ္ဂလိကပညာရေးဥပဒေပြဋ္ဌာန်းချိန်တွင် ၂၀၁၂ ခုနှစ်ကပြဋ္ဌာန်းခဲ့သော ကိုယ်ပိုင်ကျောင်းဥပဒေများ ပြန်လည်ပယ်ဖျက်သွားမည်ဖြစ်ကြောင်း အဆင့်မြင့်ပညာ ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စိုးဝင်းက ပြောကြားလိုက် သည်။

ပညာရေးဝန်ကြီးဌာနအနေဖြင့် အမျိုးသားပညာရေးဥပဒေ၏ နောက်ဆက်တွဲ ဥပဒေများထဲမှ တစ်ခုဖြစ်သော ပုဂ္ဂလိကပညာရေးဥပဒေ (မူကြမ်း)ကို ရေးဆွဲနေပြီး လွှတ်တော်သို့ တင်ပြနိုင်ရန်ဆောင်ရွက်လျက်ရှိကြောင်း လွှတ်တော်အဆင့်ဆင့်မှ အဆိုပါဥပဒေကို အတည်ပြုပြဋ္ဌာန်းလိုက်ပါက လက်ရှိပညာရေးဝန်ကြီးဌာနတွင် မှတ်ပုံ တင်ထားခြင်းမရှိသော နိုင်ငံတကာကျောင်းများ၊ တက္ကသိုလ်များနှင့် ၂၀၁၂ ခုနှစ်တွင် ပြဋ္ဌာန်းထားသော ကိုယ်ပိုင်ကျောင်းဥပဒေနှင့် ဖွင့်လှစ်လျက်ရှိသည့် ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများအနေဖြင့် သက်ဆိုင်ရာဦးစီးဌာန တွင် ပြန်လည်မှတ်ပုံတင်ပြီး ဖွင့်ရတော့မည်ဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနမှ သိရသည်။

“လက်ရှိနိုင်ငံတကာတက္ကသိုလ်တွေ၊ ကျောင်းတွေက ကျွန်တော်တို့ ပညာရေးဌာနမှာ မှတ်ပုံတင်ထားတာ မဟုတ်ပါဘူး။ အမျိုးသားစီးမံကိန်းဆိုတဲ့ဌာနမှာ မှတ်ပုံ တင်ပြီး ဖွင့်နေတာဖြစ်ပါတယ်။ ပုဂ္ဂလိကဥပဒေ ထွက်ပြီးရင်တော့ ဆရာတို့ဆီမှာ မှတ်ပုံပြန်တင်ရမှာဖြစ်ပါတယ်။ အဲဒီအခါကsတော့ ဖွင့်ခွင့်ရတဲ့ကျောင်းက ဆက်ပြီးဖွင့်ရမှာဖြစ်ပြီး တော့ ဖွင့်ခွင့်မရတဲ့ကျောင်းကလည်း မရတော့ဘူးဖြစ်မှာပေါ့” ဟု အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက ဇူလိုင် (၂၆) ရက်တွင် ဒီမိုကရေစီတူဒေးသို့ ပြောကြားသည်။

လက်ရှိတွင် ပညာရေးဝန်ကြီးဌာနမှ ရေးဆွဲလျက်ရှိသည့် ဥပဒေမူကြမ်းများမှာ အခြေခံပညာရေးဥပဒေမူကြမ်း၊ ပုဂ္ဂလိကပညာရေးဥပဒေမူကြမ်း၊ သက်မွေး ပညာရေးဥပဒေမူကြမ်းများဖြစ်ပြီး ရေးဆွဲပြီးစီးသည့်အချိန်သို့ ရောက်ရှိ တော့မည်ဖြစ်ကြောင်း၊ မူကြမ်းများရေးဆွဲပြီးပါက လွှတ်တော်သို့တင်ပြသွားမည် ဖြစ်ကြောင်း သိရသည်။

‪Democracytoday

 


Leave a Reply