ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံတွင် ‘ဝ’ နှင့် မိုင်းလားအဖွဲ့ ပါဝင်ရန် လက်ခံ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးပါတီ၊ မိုင်းလား လက်နက်ကိုင်အဖွဲ့တို့မှ ကိုယ်စားလှယ်များ ယနေ့ တွေ့ဆုံရာတွင် ၂၁ ရာစု ပင်လုံညီလာခံ၌ ပါဝင်နိုင်ရေးကို အဓိကထား ဆွေးနွေးခဲ့ပြီး ‘ဝ’ နှင့် မိုင်းလားဘက်ကလည်း ပါဝင်နိုင်ရေးကို လက်ခံကြောင်း သမ္မတရုံး ပြောရေး ဆိုခွင့်ရှိသူ ဦးဇော်ဌေးက မီဒီယာများကို ပြောကြားသည်။

13669653_1238662719486572_4765621700692289693_n

‘ဝ’ အနေနှင့် ပြည်နယ်တောင်းသည့်ကိစ္စကို ဆွေးနွေးခြင်းမရှိခဲ့ကြောင်း၊ ယင်းမှာ ညီလာခံကျင်းပမှသာ တိုင်းရင်းသားအားလုံး ဆွေးနွေး သဘောတူရမည့် ကိစ္စဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယခုဆွေးနွေးပွဲရလဒ်မှာ ရှေ့ဆက်သွားမည့် နိုင်ငံရေးလုပ်ငန်းစဉ်အတွက် အားရကျေနပ်စရာကောင်းကြောင်း ဦးဇော်ဌေးက ရှင်းပြသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးပါတီဘက်မှ ဗဟိုပေါလစ်ဗျူရို အမြဲတမ်းကော်မတီ၊ ဒုတိယ အထွေထွေ အတွင်းရေးမှူးချုပ် ဦးပေါက်ယူယီ ခေါင်းဆောင်၍ တက်ရောက်ခဲ့ပြီး ‘ဝ’ အထူးဒေသ ၄ (မိုင်းလား လက်နက်ကိုင်အဖွဲ့ (NDAA)) အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့တွင် ငြိမ်းချမ်းရေးနှင့် စည်းလုံးရေး ကော်မတီဥက္ကဋ္ဌ ဦးစိုင်းလင်းက ဦးဆောင် တက်ရောက်ခဲ့သည်။

The Voice


Leave a Reply