ဂျာမနီမြို့လယ်ခေါင်တွင် ပေါက်ကွဲမှုဖြစ်၊ လူ ၁ ဦးသေဆုံး

Germany-blast02

ဂျာမနီနိုင်ငံမှာ နုရင်ဘတ်မြို့အနီးမှာ ယမန်နေ့ ညပိုင်းက ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူတစ်ဦး သေဆုံးပြီး အခြား လူ ၁၂ ဦး ဒဏ်ရာရရှိသွားကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

သေဆုံးသွားသူဟာ ဆီးရီးယားနိုင်ငံမှ ထွက်ပြေးလာသူ အသက် ၂၇ နှစ်အရွယ် အမျိုးသားဖြစ်ပြီး ဂျာမနီမှာ ခိုလှုံခွင့်မရခဲ့ပြီးနောက် ကိုယ့်ကိုယ်ကိုယ် ဗုံးခွဲကာ အဆုံးစီရင်ခဲ့ခြင်း ဖြစ်ပါတယ်။ နုရင်ဘတ်မြို့အနီး အန်စ်ဘတ်ခ်ျ မြို့ငယ်လေးမှာ ပြုလုပ်တဲ့ ဂီတဖျော်ဖြေပွဲ အပြင်ဘက်မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ဂီတပွဲမှာ ရှိနေသူ ၂,၅၀၀ ခန့်ကို အရေးပေါ် ရွှေ့ပြောင်းခဲ့ရပါတယ်။ ယခု ဖြစ်ရပ်ဟာ ဂျာမနီမှာ တစ်ပတ်အတွင်း တတိယအကြိမ် မြောက် တိုက်ခိုက်မှုလည်း ဖြစ်လာပါတယ်။ ဇူလိုင် ၂၂ ရက်က မြူးနစ်မြို့မှာ ဆယ်ကျော်သက်အရွယ် သေနတ်သမားတစ်ဦးရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် လူကိုးဦး သေဆုံးကာ ၃၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

မကြာသေးမီကလည်း ဂျာမနီနိုင်ငံတောင်ပိုင်း ရထားတစ်စင်းပေါ်မှာ ဆယ်ကျော်သက် လူငယ်တစ်ဦးကို ပုဆိန်တစ်လက်၊ ဓါးတစ်လက်နဲ့ လူတွေကို လိုက်လံ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါလူငယ်ဟာ ဒုက္ခသည်စခန်းက အာဖဂန်နစ္စတန်လူငယ်တစ်ဦး ဖြစ်ကြောင်းလည်း သိရပါတယ်။

Source : Reuters


Leave a Reply