တရုတ်အမျိုးသားတစ်ဦး iPhone ဘက်ထရီကို သွားဖြင့်ကိုက်ကြည့်စဉ် ပေါက်ကွဲမှုဖြစ်ပွား

တရုတ်နိုင်ငံတွင် iPhone ဘက်ထရီ အပိုရှာနေသော အမျိုးသားတစ်ဦးသည် ဘက်ထရီကို သွားဖြင့် ကိုက်ခဲ့ ပြီးနောက် ပေါက်ကွဲမှုဖြစ်ပွားရာ အံ့အားသင့် တုန်လှုပ်ခဲ့ရကြောင်း Taiwan News က ဖော်ပြသည်။

ဇန်နဝါရီ ၁၉ ရက်က ဖြစ်ပွားခဲ့သည်ဆိုသော ယင်းမတော်တဆ ဖုန်းဘက်ထရီ ပေါက်ကွဲသည့် ဗီဒီယိုဖိုင်သည် လူမှုမီဒီယာတွင် ပျံ့နှံ့ခဲ့သည်။

မီးလောင်မပေါက်ကွဲမီ အဆိုပါ အမျိုးသားသည် iPhone ဘက်ထရီကို သွားဖြင့် ဖိကိုက်နေစဉ် ပေါက်ကွဲမှု ဖြစ်ပွားရာ ယင်းကို အီလက်ထရွန်နစ် စတိုးဆိုင် ရှိ စီစီတီဗီမှတ်တမ်းက ပြသခဲ့သည်။

ယင်းဖြစ်ရပ်ဗီဒီယိုဖိုင်ကို ဗီဒီယိုဖိုင်များ မျှဝေသည့် တရုတ် Miaopai ဆိုက်ပေါ်သို့ ဇန်နဝါရီ၂၀ ရက်က တင်ခဲ့ ပြီးနောက် ယင်းအချိန်ကတည်းက ယခုအချိန်အထိ ကြည့်ရှုသည့် အကြိမ်ရေ ၄ ဒသမ ၄ သန်းကျော် ရှိလာသည်။

 ဘက်ထရီ ပေါက်ကွဲမှုကြောင့် တစ်ဦးမျှ ဒဏ်ရာမရခဲ့သော်လည်း ယင်းစတိုးဆိုင်အတွင်းရှိ လူများ ထိတ်ထိတ် ပျာပျာ ဖြစ်ခဲ့ကြောင်း Taiwan News က ပြောသည်။

ယင်းအမျိုးသားသည် အဘယ်ကြောင့် ဖုန်းဘက်ထရီကို ကိုက်ရန် ဆုံးဖြတ်ခဲ့ကြောင်း မရှင်းလင်းသေးပေ။

ဘက်ထရီ စစ်၊ မစစ် စမ်းကြည့်ရန် သွားဖြင့် ယင်းသို့ ကိုက်ကြည့်ခဲ့ဖွယ်ရှိကြောင်း သတင်း မီဒီယာအများအပြားက ထင်ကြေးပေးလျက်ရှိသည်။

—Ref: CNA