မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း ကမ္ဘာ့အဆင့်တစ်ဆင့် မြင့်တက်

Fifa

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)က ဇူလိုင်အတွက် ထုတ်ပြန်သည့် ကမ္ဘာ့အဆင့်သတ်မှတ် ချက်တွင် မြန်မာ့ လက်ရွေးစင် အမျိုးသား ဘောလုံးအသင်းသည် ယခင်လထက် အဆင့်တစ်ဆင့် မြင့်တက်လာပြီး ကမ္ဘာ့အဆင့် (၁၆၀)၌ ရပ်တည်နေသည်။

ဇူလိုင် ၁၄ ရက်က ထုတ်ပြန် သည့် ကမ္ဘာ့အဆင့်သတ်မှတ်ချက် တွင် မြန်မာအသင်းသည် ရမှတ် ၁၆၇ မှတ်ရရှိပြီး ယခင်လအဆင့် ရပ်တည်ချက် (၁၆၁)ထက် တစ် ဆင့်မြင့်တက်လာသည်။

အရှေ့တောင်အာရှ နိုင်ငံ များတွင် ထိုင်းအသင်းက ကမ္ဘာ့ အဆင့် (၁၂၁)ဖြင့် ဦးဆောင်ထား ပြီး ဖိလစ်ပိုင်အသင်းက (၁၃၅) ၊ ဗီယက်နမ်အသင်းက (၁၃၉)၊ စင်ကာပူအသင်းက (၁၅၈)၊ မလေး ရှားအသင်းက (၁၆၇)၊ လာအို အသင်းက (၁၇၇)၊ ကမ္ဘောဒီးယားအသင်းက (၁၈၀)၊ တီမောအ သင်းက (၁၈၅)၊ အင်ဒိုနီးရှားအ သင်းက (၁၉၁)နှင့် ဘရူနိုင်းအသင်းက ကမ္ဘာ့အဆင့် (၁၉၈)တို့၌ အသီးသီးရပ်တည်နေသည်။

ဇူလိုင် ကမ္ဘာ့အဆင့်သတ် မှတ်ချက်အရ မြန်မာအသင်း သည် အာရှနိုင်ငံများ၌ အဆင့် (၂၉)နှင့် အရှေ့တောင်အာရှ နိုင်ငံများတွင် အဆင့်(၅)နေရာ၌ ရပ်တည်လျက်ရှိသည်။ မြန်မာ့ လက်ရွေးစင်အသင်းသည် ဇွန်လ အတွင်းက ယှဉ်ပြိုင်ခဲ့သည့် လေး နိုင်ငံ ဖိတ်ခေါ်ဖလားပြိုင်ပွဲတွင် စင်ကာပူအသင်းကို ရှုံးနိမ့်ခဲ့သော် လည်း ဟောင်ကောင် အသင်းကို အနိုင်ရရှိကာ တတိယနေရာ ရရှိ ခဲ့သည်။

ကမ္ဘာ့နိုင်ငံများတွင် အာဂျင် တီးနားအသင်းက ကမ္ဘာ့အဆင့် (၁)နေရာ၌ ဆက်လက်ရပ်တည် နေပြီး ၎င်းနောက်တွင် ဘယ်လ်ဂျီ ယမ်၊ ကိုလံဘီယာ၊ ဂျာမနီ၊ ချီလီ၊ ပေါ်တူဂီ၊ ပြင်သစ်၊ စပိန်၊ ဘရာ ဇီး၊ အီတလီအသင်းတို့က အစဉ်လိုက် ရပ်တည်နေသည်။

 (7 Daydaily)


Leave a Reply