iTunes မှာ လူနားဆင်မှု အများဆုံးဖြစ်လာတဲ့ ဒေါ်နယ်ထရမ့်ရဲ့ “Justice For All” သီချင်း

အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့် သီဆိုထားတဲ့ “Justice For All” ဆိုတဲ့ သီချင်းဟာ သီချင်းနားထောင်တဲ့  iTunes အက်ပလီကေးရှင်းမှာ နားဆင်မှု အများဆုံး သီချင်း ဖြစ်လာတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့အပတ် စနေ၊ တနင်္ဂနွေနေ့အတွင်း နာမည်ကျော် ပေါ့အဆိုတော် မိုင်လီဆိုင်းရပ်စ်ရဲ့ခေတ်ထနေတဲ့ “Flowers” ဆိုတဲ့ သီချင်းကို ကျော်ပြီး နံပါတ် ၁  နေရာကို ရယူနိုင်ခဲ့တာပါ။

ထရမ့်ဟာ အဲသီချင်းကို ဇန်နဝါရီလ ၆ ရက်နေ့ အမေရိကန် လွှတ်တော်ရုံး အဓိကရုဏ်းမှာ ထောင်နန်းစံခဲ့ရသူတွေနဲ့ ဖွဲ့စည်းထားတဲ့ “J6 Prison Choir” အမည်ရ တေးသံစုံကျူးအဖွဲ့နဲ့ ပူးတွဲ သီဆိုထားတာပါ။

အဲဒီလို နံပါတ် ၁ ဖြစ်လာတဲ့ သတင်းကို သူတည်ထောင်ထားတဲ့ ထရု့ ဆိုရှယ် ဆိုတဲ့အက်ပ်မှာတောင် ထုတ်ကြွားခဲ့ ပါသေးတယ်။

အဲသီချင်း ဖန်တီးရခြင်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ အဓိကရုဏ်းမှာ ထောင်ကျခဲ့ကြတဲ့ ထရမ့် ထောက်ခံ အားပေးသူတွေရဲ့ မိသားစုတွေကို ထောက်ပံ့ဖို့အတွက် ရန်ပုံငွေရှာတာ ဖြစ်ပါတယ်။ ထရမ့်ရဲ့ သီချင်းကို အက်ပဲလ် မြူးဇစ်၊ စပေါ့သီဖိုင်းနဲ့ ယူကျု့ဘ် လိုမျိုး သီချင်းနားဆင်တဲ့ အက်ပ်ကြီးတွေမှာ နားထောင်လို့ရနေပါပြီ။

 

Source: WION