ဒါရိုက်တာ ဖင်န်ချာ ရိုက်ကူးမည့် ‘World War Z’ နောက်ဆက်တွဲရုပ်ရှင်တွင် ဘရတ်ပစ်ပါဝင်မည်

သရုပ်ဆောင် ဘရတ်ပစ်သည် သူပါဝင်သရုပ်ဆောင်ခဲ့သည့် “Seven” နှင့် “Fight Club” ရုပ်ရှင်တို့ကို ရိုက်ကူးခဲ့ သည့် ဒါရိုက်တာ ဒေးဗစ် ဖင်န်ချာနှင့်အတူ ၂၀၁၃ ခုနှစ်တွင် ရိုက်ကူးခဲ့သည့် သည်းထိတ်ရင်ဖို အက်ရှင် ရုပ်ရှင် “World War Z” နောက်ဆက်တွဲ ဇာတ်လမ်းတွင် ပါဝင်မည်ဟုသိရသည်။

New Picture

ယင်းရုပ်ရှင်ကို မူလက ဒါရိုက်တာ ဂျေအေဘာယိုးနနှင့် ရိုက်ကူးရန်ပြင်ဆင်ထားသော်လည်း ရုပ်ရှင်ကို ရိုက်ကူး ထုတ်လုပ်မည့် ဘရတ်ပစ်က ဖင်န်ချာကို ရိုက်ကူးရန် ဖိတ်ခဲ့ခြင်းဖြစ်ကြောင်း Hollywood Reporter တွင် ဖော်ပြထားသည်။

သတင်းအရင်းအမြစ်များ၏ အဆိုအရ ဘရတ်ပစ်၊ ပါရာမော့တ် နှင့် စကိုင်းန်ဒန့်စ် တို့က ဖင်န်ချာနှင့်အတူ ရိုက်ကူး ထုတ်လုပ်ရေးကိစ္စ ဆွေးနွေးတိုင်ပင်ကြသည်ဟု သိရသည်။

သဘောတူညီချက် ရရှိခဲ့ခြင်း ရှိ မရှိကို ရှင်းရှင်းလင်းလင်း မသိရှိရသော်လည်း ဖင်န်ချာက ဇာတ်လမ်းရိုက်ကူးမည့် အစီအစဉ်ကို ထုတ်ဖော်ပြောကြားခဲ့သည်။

မူရင်းဇာတ်ကြောင်းပုံစံအတိုင်း ရိုက်ကူးမည် (သို့မဟုတ်) အခြားဇာတ်အိမ်တစ်ခုကို မှီးငြမ်းရိုက်ကူးမည်ကို ရှင်းရှင်းလင်းလင်း မသိရှိရသေးသော်လည်း အကောင်းဆုံး ဂရပ်ဖစ်စနစ်ဖြင့် ဖန်တီးရိုက်ကူးသွားမည်ဟု သိရသည်။

“Gone Girl” ရုပ်ရှင်ဒါရီုက်တာ ဖင်န်ချာသည် “The Curious Case of Benjamin Button” ရုပ်ရှင်တွင် ဘရတ်ပစ် နှင့်အတူ ပါဝင်သရုပ်ဆောင်ဖူးသည်။

#‎Democracytoday


Leave a Reply