ဗြိတိန်၌ ရောင်းအားအကောင်းဆုံး သီချင်းခွေဖြစ်လာသည့် အက်ဒ်ရှီရန်း၏ အယ်လ်ဘမ်အသစ်

နာမည်ကျော် အဆိုတော်နှင့် တေးရေးဆရာဖြစ်သူ အက်ဒ်ရှီရန်း၏ အယ်လ်ဘမ်အသစ်သည် ဗြိတိန်တွင် ထွက်ထွက်ပြီးချင်း အမြန်ဆုံးရောင်းရသည့် အယ်လ်ဘမ်တစ်ခုဖြစ်လာပြီး စတင်ဖြန့်ချီသည့် သုံးရက်အတွင်း အချပ်ရေ ၄၃၂၀၀၀ ခန့်ရောင်းချထားရသည်။

အက်ဒ်ရှီရန်း၏ တတိယမြောက်အယ်လ်ဘမ်ဖြစ်သည့် ÷ (Divide) သည် ပြီးခဲ့သော သောကြာနေ့ကထွက်ရှိခဲ့ ပြီး ပရိသတ်များကြား အကြီးအကျယ်ပေါက်သော သီချင်းခွေတစ်ခုဖြစ်လာသည်။

စတင်ဖြန့်ချီသည့် ပထမအပတ်အတွင်း အချပ်ရေအများဆုံး ရောင်းချထားနိုင်သည့် အယ်လ်ဘမ်များမှာ အဒဲလ် ၏ ၂၅ အယ်လ်ဘမ်နှင့် အိုအေစစ်၏ Be Here Now အယ်လ်ဘမ်တို့ ဖြစ်ကြပြီး အချပ်ရေ ၈၀၀၀၀၀ စီ ရောင်းချထားရသည်။

အကယ်၍ အက်ဒ်ရှီရန်းသည် အဒဲလ်၏စံချိန်ကို မမှီနိုင်ရင်တောင်မှ သူသည် အချပ်ရေ ၅၁၈၆၀၁ ချပ်ကို တစ်ပတ်အတွင်း ရောင်းချထားနိုင်သည့် Take That’s Progress ကို ကျော်ဖြတ်ကာ တတိယနေရာသို့ ရောက်ရှိလာနိုင်သည်။

သို့သော်လည်း အက်ဒ်ရှီရန်းက သူသည် တစ်ပတ်အတွင်း အများဆုံးအယ်လ်ဘမ်ရောင်းချမှု စံချိန်အတွက် အဒဲလ်နှင့် ယှဉ်ပြိုင်လိုကြောင်း ပြောခဲ့သည်။

“အဒဲလ်ဟာ လွန်ခဲ့တဲ့ ၁၀နှစ်အတွင်း ကျနော့်ထက် သီချင်းအယ်လ်ဘမ် ပိုမိုရောင်းချထားနိုင်တဲ့ အဆိုတော် တစ်ယာက်ပါ။ သူမရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ အယ်လ်ဘမ်ဟာ အချပ်ရေ သန်း၂၀တောင် ရောင်းချနိုင်ခဲ့ ပါတယ်။ သူမရဲ့စံချိန်ကို ကျနော်မမှီနိုင်ရင်တောင်မှ ကျနော်မှီနိုင်တဲ့စံချိန်နဲ့ပြိုင်ချင်ပါတယ်။ လာမည့် ၂၀၁၈ ခုနှစ်အထိ ကျနော်တို့အယ်လ်ဘမ် အချပ်ရေ မည်မျှရောင်းနိုင်ကြောင်း ပြိုင်ဖို့ ကျနော်တွေးနေပါတယ် ” ဟု သူက ဂျီကြူမဂ္ဂဇင်းသို့ ပြောခဲ့သည်။

လာမည့်သောကြာနေ့တွင် ပထမအပတ်အတွင်း သီချင်းအယ်လ်ဘမ် ရောင်းချရမှုစာရင်းကို ကြေညာမည်ဖြစ် သည်။

# Mizzima