သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရ ပြည်တွင်း/ပြည်ပမှ ဆရာတော်များနှင့် သီလရှင်ဆရာကြီးများအား နစကဥက္ကဋ္ဌနှင့်ဇနီး တို့က ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်၊ထိုင်းနိုင်ငံ ဒု-ဝန်ကြီးချုပ်၊နိုင်ငံခြားရေးဝန်ကြီးလည်း တက်ရောက်ကြည်ညို

၂၀၂၃ ခုနှစ် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များဆက်ကပ်ပူဇော်ပွဲ မင်္ဂလာအခမ်းအနားအား မတ် ၅ ရက် မွန်းလွဲပိုင်းက နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော် ပရိဝုဏ်အတွင်းရှိ သာသနာ့မဟာဗိမာန်တော်ကြီး၌ ကျင်းပခဲ့သည်။

အထူးပင့်ဖိတ်ထားသည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ မြင်းခြံမြို့၊ကိုးဆောင်ကျောင်းတိုက် ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ဇောတိကပါလနှင့်နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ ရှမ်းပြည်(မြောက်ပိုင်း)၊ကျောက်မဲမြို့၊ သီဟိုဠ်ပရိယတ္တိစာသင်တိုက် ပဓာနနာယက၊ အဂ္ဂမဟာ ပဏ္ဍိတ ဒေါက် တာ ဘဒ္ဒန္တစန္ဒနသာရတို့အမှူးပြုသည့် ဘွဲ့တံဆိပ်တော်ရ ပြည်တွင်း၊ပြည်ပဆရာတော်၊သံဃာ တော်များနှင့် သီလရှင် ဆရာကြီးများ ကြွရောက်တော်မူခဲ့ကြသည်။

အခမ်းအနားတွင် နစက ဥက္ကဋ္ဌနှင့်ဇနီး၊ နစက ဒု-ဥက္ကဋ္ဌနှင့်ဇနီး၊တာဝန်ရှိသူများ၊ထိုင်းနိုင်ငံ ဒု-ဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Don Pramudwinai နှင့်ဧည့်ပရိသတ်များက မြင်းခြံ ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက် တည်ကာ အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ ပဲခူးမြို့ သာသနာ့မဏ္ဍိုင် ပါဠိတက္ကသိုလ်ကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တ သိရိန္ဒ မဟာထေရ်က ဩဝါဒကထာမြွက်ကြား ချီးမြှင့်တော်မူခဲ့သည်။

ထို့နောက် နစက ဥက္ကဋ္ဌမှ အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ သီရိလင်္ကာနိုင်ငံမှဆရာတော် Most Venerable Prof. Kumburugamuwe ၊ ထိုင်းနိုင်ငံမှဆရာတော် Somdet Phramahathirachan နှင့်မဟာစည်ဆရာတော်ကြီး ဘဒ္ဒန္တ သောဘန(ကိုယ်စား)ရန်ကုန်တိုင်း၊ဗဟန်းမြို့နယ်၊ရွှေမင်းဝံ သာသနာ့ရိပ်သာဆရာတော် အဂ္ဂမဟာကမ္မဋ္ဌာနာ စရိယ ဘဒ္ဒန္တ သောဘန တို့ထံ ဘွဲ့တံဆိပ်တော်များနှင့်အဆောင်အယောင်များကို ဆက်ကပ်ပူဇော်ခဲ့သည်။

ထို့အတူ နစက ဒု-ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှလည်း ဘွဲ့တံဆိပ်တော်ရဆရာတော်ကြီးများအား ဘွဲ့တံဆိပ် တော်များနှင့် အဆောင်အယောင်များကို ဆက်ကပ်ပူဇော်ခဲ့ကြသည်။

ထို့ပြင် နစက ဥက္ကဋ္ဌ၏ဇနီးမှလည်း အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ အောင်မြေသာစံမြို့နယ်၊ဓမ္မ ဝိဟာရီ သီလရှင်စာသင်တိုက် သီလ ရှင်ဆရာကြီး ဒေါ်ခေမာစာရီနှင့်မိုးကောင်းမြို့ ထေရဝါဒ ဗုဒ္ဓသာသနာပြု စန္ဒာရာမသီလရှင်စာသင်တိုက် သီလရှင်ဆရာကြီး ဒေါ်ယုစန္ဒာတို့ထံ ဘွဲ့တံဆိပ်တော်နှင့်အဆောင်အယောင်များအား ဆက်ကပ်ပူဇော်ခဲ့သည်။

ထို့အတူ အဂ္ဂမဟာသီရိသုဓမ္မ မဏိ ဇောတဓရ ဘွဲ့ရ ဦးအောင်တိုး၊ ဒေါက်တာခင်မောင်ထွန်း၊ ဦဇော်ဝင်းနှင့် ဦးမောင်မောင်တို့အား နစက ဥက္ကဋ္ဌမှ ဘွဲ့တံဆိပ်နှင့်အဆောင်အယောင်များကို ချီးမြှင့် အပ်နှင်းခဲ့ပြီး နစက ဒု-ဥက္ကဋ္ဌမှလည်း သီရိသုဓမ္မမဏိဇောတဓရ ဘွဲ့ရရှိသူများအား ဘွဲ့တံဆိပ်နှင့် အဆောင်အယောင်များကို ချီးမြှင့်အပ်နှင်းခဲ့သည်။

ထို့နောက် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ကျောက်မဲမြို့၊သီဟိုဠ်ပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော်ကြီးထံမှ အနုမောဒနာတရားနာယူ၍ ရေစက်သွန်းချအမျှပေးဝေခဲ့ကြကြောင်း သိရသည်။

ယနေ့ ကျင်းပသည့်အခမ်းအနားတွင် အဘိဓဇ မဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၁၅ ပါး၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဘွဲ့တံ ဆိပ်တော်ရ ဆရာတော်ကြီး ၁၂ ပါး၊ တိပိဋကဓရ ဓမ္မဘဏ္ဍာ ဂါရိက ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၁ ပါး၊ အဂ္ဂ မဟာပဏ္ဍိတဘွဲ့ တံဆိပ်တော်ရဆရာတော်ကြီး ၃၀ ပါး၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဓဇ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၅၂ ပါး၊ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၂၅ ပါး၊ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၁၃ ပါးနှင့်အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ သီလရှင်ဆရာကြီး ၃ ပါးတို့အား ဘွဲ့တံဆိပ်တော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်ပူဇော်ခဲ့ကြသည်။

ထို့ပြင် သာသနာနုဂ္ဂဟဘွဲ့တံ ဆိပ်ရရှိသည့် လူပုဂ္ဂိုလ် ၁၄ ဦးတို့ကိုလည်း ဘွဲ့တံဆိပ်နှင့်အဆောင် အယောင်များကို ချီးမြှင့်အပ်နှင်းခဲ့ပြီး ကျန်ရှိသည့် ဘွဲ့ခံဆရာတော်ကြီးများ၊သီလရှင်ဆရာ ကြီးများနှင့်လူပုဂ္ဂိုလ်များကိုလည်း သက်ဆိုင်ရာ နေပြည်တော်၊တိုင်းနှင့်ပြည်နယ်များအလိုက် ဝန်ကြီးချုပ်များနှင့်တာဝန်ရှိသူများက ဆက်ကပ် ချီးမြှင့်ခဲ့ကြသည်။

နစက မှ ၂၀၂၃ ခုနှစ်တွင် ပြည်တွင်း/ပြည်ပ ဆ ရာတော်၊ သံဃာတော် ၄၀၃ ပါး၊သီလရှင်ဆရာ ကြီး ၃၈ ပါးနှင့် လူပုဂ္ဂိုလ် ၄၂ ဦးတို့အား သာသာနာတော်ဆိုင်ရာဘွဲ့တံဆိပ်များ ဆက်ကပ်လှူဒါန်းချီးမြှင့်ခဲ့သည်။

နစက ဥက္ကဋ္ဌ နှင့်ဇနီး၊ တာဝန်ရှိသူများ၊အလှူရှင်များက ၂၀၂၃ ခုနှစ်၊သာသနာတော်ဆိုင်ရာ ဘွဲ့တံ ဆိပ်တော်များ ဆက်ကပ်အပူဇော်ခံတော်မူခဲ့ကြသည့် ပြည်တွင်း/ပြည်ပဆရာတော်၊ သံဃာတော်များနှင့် ဘွဲ့ခံသီလရှင် ဆရာကြီးများအား ဥပ္ပါတသန္တိစေတီတော်ပရိဝုဏ်အတွင်း စေတီတော် ပတ်လမ်း၌ ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို လောင်းလှူခဲ့ကြသည်။