မြန်မာအလုပ်သမား ၁၀၀၀ ကျော် တောင်ကိုရီးယားသို့ ထပ်မံရောက်ရှိ

EPS စနစ်ဖြင့် တောင်ကိုရီးယားနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် မြန်မာအလုပ်သမား ၁၀၄၀ ဦး မတ် ၅ ရက်တွင် ထပ်မံရောက်ရှိခဲ့ကြောင်း ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံး ဆိုးလ်မြို့က သတင်းထုတ်ပြန်ထားသည်။

ပြည်ပအလုပ်အကိုင်အကျိုးဆောင်အေဂျင်စီများက အလုပ်သမား ၁၀၄၀ အား တောင်ကိုရီယားနိုင်ငံ၌ အလုပ်လုပ်ကိုင်ရန် EPS စနစ်ဖြင့် စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တောင်ကိုရီယားနိုင်ငံသို့ အလုပ်လုပ်ကိုင်ရန် စေလွှတ်ခဲ့သည့်အလုပ်သမားများမှာ ကုန်ထုတ်လုပ်သားသစ် ၃၄၅ ဦး၊ CBT ကုန်ထုတ်လုပ်သား ၂၈ ဦး၊ Re-entry ကုန်ထုတ်လုပ်သား ၂၃၆ ဦး၊ စိုက်ပျိုး၊ မွေးမြူရေးလုပ်သားသစ် ၃၇၄ ဦး၊ ဆောက်လုပ်ရေးလုပ်သားသစ် ၅၇ ဦး စုစုပေါင်း ၁၀၄၀ ဦး ပို့ဆောင်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါ မြန်မာလုပ်သားများအား အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီမှတစ်ဆင့် ရန်ကုန်လေဆိပ်မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပို့ဆောင်ခဲ့ခြင်းဖြစ်ပြီး ၎င်းလုပ်သားများအား ဆိုးလ်မြို့ရှိ မြန်မာသံရုံး အလုပ်သမားသံအရာရှိက ကြိုဆိုခဲ့သည်။ sdtimedaily