ရွှေဒင်္ဂါးပြားများ စတင်ရောင်းချပေး

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ရွှေဒင်္ဂါးပြားများကို သိန်း ၃၀ ဝန်းကျင်ဖြင့် နေပြည်တော်ရှိ ကျောက်မျက်ရတနာခန်းမ၌ ရောင်းချပေးလျက်ရှိကြောင်း ဒေသတွင်းသတင်းများအရသိရသည်။

စက်တင်ဘာ ၅ ရက် မှ စတင်ရောင်းချပေးလျက်ရှိပြီး တစ်ကျပ်သားဒင်္ဂါးကို ၂၉၅၀၀၀၀ ကျပ်စျေးဖြင့် ရောင်းချပေးပြီး မနက်ဖြန် (စက်တင်ဘာ ၆ ရက်)မှစတင်ကာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့ရှိ  မြန်မာ့ကျောက်မျက်ရတနာ အရောင်းပြခန်းတို့တွင်လည်း တစ်ကျပ်သား၊ ငါးမူးသား၊ တစ်မတ်သား ရွှေဒင်္ဂါးများကို လွတ်လပ်စွာ ဝယ်ယူနိုင်ရန် ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

ရွှေဒင်္ဂါးပြားပုံစံမှာ ၂၀၁၈ ခုနှစ်က ထုတ်ဝေသည့် အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းပုံပါ ဒင်္ဂါးပြားဖြစ်ကြောင်းသိရသည်။

ရွှေဒင်္ဂါးပြားဝယ်ယူရာတွင် မှတ်ပုံတင်မူရင်းနှင့် မိတ္တူတစ်ဆောင် ယူဆောင်သွားရမည်ဖြစ်ပြီး ရွှေဒင်္ဂါးသိမ်းဆည်းရန် ပိတောက်သားဗူးတစ်ဗူးအားကျပ် ၄၀၀၀၀ ဖြင့်ဝယ်ယူရကြောင်းသိရသည်။

ယနေ့ ရန်ကုန်တိုင်း ရွှေကုန်သည်နှင့် ရွှေလုပ်ငန်းရှင်များအသင်း၏ အကယ်ဒမီအခေါက်ရွှေစျေးနှုန်းမှာ တစ်ကျပ်သားလျှင် ၂၀၀၈၀၀၀ ကျပ်စျေး ဖွင့်လှစ်ကြောင်းသိရသည်။