UNA က တိုင်းရင်းသားပါတီသုံးခုကို အဖွဲ့ဝင်သစ်အဖြစ် လက်ခံအတည်ပြု

14625468_1085091328278218_742245383_n

၂၅နှစ်ကျော်သက်တမ်းရှိသည့် ညီညွတ်သောတိုင်းရင်း သားလူမျိုးများမဟာမိတ်အဖွဲ့ (UNA)က အဖွဲ့ဝင်သစ် အဖြစ် တိုင်းရင်းသားပါတီသုံးခုကို အ တည်ပြု လက်ခံ ကြောင်း သတင်းရရှိသည်။ အောက်တိုဘာ ၁၅ရက် က ရန်ကုန်မြို့တွင် ပြုလုပ်သော UNA အဖွဲ့ဝင်ပါတီများ၏ အစည်းအဝေး၌ ချင်းဒီမိုကရေစီအဖွဲ့ချုပ်၊ ချင်း တိုးတက်ရေးပါတီ၊ ရှမ်းနီ(တိုင်းလိုင်)နှင့် မြောက်ပိုင်းရှမ်း မျိုးနွယ်စုများသွေးစည်းညီညွတ် ရေးပါတီတို့ကို အဖွဲ့ဝင်သစ် အဖြစ်လက်ခံခြင်းဖြစ်သည်။

အဖွဲ့ဝင်သစ်အဖြစ် လက်ခံ လိုက်သောပါတီများသည် UNAက ချမှတ်ထားသောမူဝါဒများကို ဆောင်ရွက်ရန် ကိုက်ညီသော ကြောင့်အဖွဲ့ဝင်သစ်အဖြစ်လက် ခံခြင်း ဖြစ်သည်ဟု UNAအတွင်းရေးမှူးအဖွဲ့ဝင် ဦးမျိုးကျော်က ပြောသည်။ ၂၀၁၀ အထွေထွေရွေးကောက်ပွဲနှင့် ၂၀၁၂ကြားဖြတ် ရွေးကောက်ပွဲတို့ကို ၀င်ရောက် ယှဉ်ပြိုင်ခြင်း မပြုဘဲ ပြီးခဲ့သည့် ၂၀၁၅အထွေထွေရွေးကောက်ပွဲ တွင်ဝင်ရောက်ယှဉ်ပြိုင်ကာအ နိုင်ရထားသည့် UNAသို့ အဖွဲ့ဝင် အဖြစ် ၀င်ရောက်ခွင့်ရရန် လျှောက်ထားလာမှုများ ရှိနေသည်။

ပြီးခဲ့သည့်မေလက UNA သည် အဖွဲ့ဝင်သစ်အဖြစ် လျှောက်ထားမှုရှိသည့် တိုင်းရင်း သားပါတီခုနစ်ပါတီမှ ခူမီး(ခမီ) အမျိုးသားပါတီ၊ ဓနုတိုင်းရင်း သားလူမျိုး များဒီမိုကရေစီပါတီ၊ ရခိုင်မျိုးချစ်ပါတီနှင့် မြိုအမျိုးသား ဒီမိုကရေစီပါတီတို့ကို အဖွဲ့ဝင်ပါတီအဖြစ် လက်ခံခဲ့သည်။ ယင်းအချိန်က ကျန်ရှိခဲ့သော ပါတီသုံးခုကို အဖွဲ့ဝင် အဖြစ် လက်ခံရန်ဆက်လက်စိစစ်မှု များပြုလုပ်ရေး ဆုံးဖြတ်ပြီး အောက်တိုဘာ ၁၅ရက်တွင်ကျင်းပသော အစည်းအဝေး၌ အဖွဲ့ ၀င်ပါတီများ အဖြစ်ထပ်မံအတည် ပြုခြင်းဖြစ်သည်။

UNA ကို ၁၉၉၀အထွေထွေ ရွေးကောက်ပွဲတွင် အနိုင်ရသော တိုင်းရင်းသားပါတီများဖြင့် ဖွဲ့စည်းကာ စတင်ဖွဲ့စည်း စဉ်က အဖွဲ့ဝင် ၁၂ပါတီရှိပြီး ယခုအချိန်တွင် ၁၅ပါတီရှိလာပြီဖြစ်သည်။ UNA သည် လက်ရှိအာဏာရအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ မဟာမိတ်ဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအပါအ ၀င် နိုင်ငံရေးကိစ္စရပ်များ၌ ပူးပေါင်းဆောင်ရွက်မှုများရှိသည်။

UNA သည် ၂၀၁၀အထွေ ထွေရွေးကောက်ပွဲနှင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲများသို့ ၀င်ရောက် ယှဉ်ပြိုင်ခြင်းမပြုဘဲ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကို အဖွဲ့ဝင် ပါတီအချို့ဝင်ရောက် ယှဉ်ပြိုင်ကာ လွှတ်တော်တွင် နေရာရရှိထားသည်။


Leave a Reply