ကမ္ဘာ့စံချိန်တင် အချိန်အကြာဆုံး ပျံသန်းနိုင်တဲ့ လျှပ်စစ် လေယာဉ်

Autoflight က စတုတ္ထမျိုးဆက် Prosperity I eVTOL တက္ကစီ လေယာဉ် နမူနာ မော်ဒယ်ကို ပြသလိုက်ပြီး ကမ္ဘာ့စံချိန်တင် အချိန်အကြာဆုံး ပျံသန်းနိုင်တဲ့ လျှပ်စ်စ် လေယာဉ် ဖြစ်လာပါတယ်။ eVTOL ဆိုတာက မြေပြင်ကနေ ဝေဟင် ၊ ဝေဟင် ကနေ မြေပြင်ကို ဒေါင်လိုက် အတက်၊ အဆင်း လုပ်နိုင်တဲ့ လေယာဉ်ကို ခေါ်တာပါ။

Prosperity ဟာ တစ်ခါအားသွင်းထားရင် ၂၅၀.၆၄ ကီလိုမီတာ (၁၅၅.၇၄ မိုင်) ပျံသန်းနိုင်ပါတယ်။ အရင်က အချိန်အကြာဆုံး ပျံသန်းနိုင်တဲ့ Joby Aviation ရဲ့ လျှပ်စစ် လေယာဉ်ကို ကျော်တက်ကာ ကမ္ဘာ့စံချိန်သစ် တင်လိုက်တာပါ။

Auto-design ပညာရှင် Frank Stephenson က Prosperity ကို ဒီဇိုင်း ထုတ်ပေးထားတာ ဖြစ်ပါတယ်။ အရင်က နမူနာ မော်ဒယ်တွေထက် ပိုကြီးတဲ့ တောင်ပံတွေကို မော်ဒယ်အသစ်မှာ တပ်ဆင်ထားပြီး လူ ၅ ယောက် လိုက်ပါစီးနင်းနိုင်ပါတယ်။

Autoflight ရဲ့ ဥက္ကဌ Omer Bar-Yohay က “ ဒီ ကမ္ဘာ့ စံချိန်တင် ပျံသန်းမှုဟာ ကျွန်တော်တို့ အဖွဲ့အတွက် ဂုဏ်ယူစရာ ဖြစ်ပါတယ်။ ကျွန်တော်တို့ လေယာဉ်ရဲ့ စွမ်းရည်ကို ပြသလိုက်နိုင်တာ ဖြစ်ပြီး ဒီထက် တိုးတက်အောင် ကြိုးစားမှာပါ။” လို့ ပြောပါတယ်။

 

Ref : newatlas  / DigitalTimes