AirPods ဟု အမည်ရသော ကြိုးမဲ့နားကြပ်ကို Apple ထုတ်ဖော်ပြသ

Apple သည် iPhone 7 နှင့် 7 Plus များကို မိတ်ဆက်အပြီးတွင် Beats မှထုတ်လုပ်သော ကြိုးမဲ့နားကြပ် AirPods ကို ထုတ်ဖော်မိတ်ဆက်ခဲ့သည်။

 

airpods-sh-businessinsider-2016sept8

အဆိုပါ Beats နားကြပ်သစ်ကို Powerbeats3 (ဒေါ်လာ ၂၀၀) နှင့် Solo3 Wireless (ဒေါ်လာ ၃၀၀) အပြင် BeatsX (ဒေါ်လာ ၁၅၀) မျိုးဆက်သစ်ပုံအတိုင်း ဖန်တီးထားသည်။ AirPods ကို ၁၅၉ ဒေါ်လာဖြင့် အောက်တိုဘာ လတွင် တင်ပို့ရောင်းချသွားမည်ဖြစ်သည်။

AirPods တွင် Apple မှတိုးတက်အောင် ပြုလုပ်ထားသော W1 ချစ်ပ်သစ်ကို အသုံးပြုထားသည်။ အဆိုပါ ချစ်ပ်သည် နားကြပ်နှစ်ခုကို sync ဖြစ်စေခြင်းနှင့် စွမ်းအင်နည်းနည်းဖြင့် Bluetooth သုံးစွဲရန် ပြုလုပ်ထားသော hardware ဖြစ်သည်။

AirPods တစ်ခုစီတွင် ပါဝင်သော W1 ချစ်ပ်တွင် optical sensors နှင့် accelerometers တို့ ပါဝင်သည်။ ထို့ကြောင့် သုံးစွဲသူက AirPods ကို နားတွင်တပ်ဆင်ပြီး သီချင်းနားထောင်မှသာ AirPods ကို double tap ပြုလုပ်၍ Siri အသုံးပြုနိုင်သလို အသံဖြင့် စေခိုင်း၍ တေးဂီတရွေးချယ်ခြင်း၊ အသံအတိုးအကျယ်နှင့် ဘက်ထရီ သက်တမ်းစစ်ဆေးခြင်းတို့ ပြုလုပ်နိုင်သည်။ “Airpod တိုင်းမှာပါတဲ့ accelerometer က စကားပြောတာကို ခြေရာခံပေးပါတယ်။ သုံးစွဲသူရဲ့အသံကို ဖမ်းယူနိုင်မဲ့ မိုက်ကရို ဖုန်းနှစ်ခုလည်း ပါဝင်ပါတယ်” ဟု Apple မှ ထုတ်ပြန်ခဲ့သည်။

AirPods ကို iOS 10, watch OS 3 သို့မဟုတ် macOS Sierra အသုံးပြုထားသော Apple ထုတ်ကုန်များဖြင့်သာ အသုံးပြုနိုင်သည်။ Apple ၏ AirPods ကို ပါဝင်သော charging case တွင် လျင်မြန်စွာ အားသွင်းနိုင်ပြီး ၅ နာရီ အသုံးပြုနိုင်မည်ဖြစ်ပြီး AirPods ကို ၁၅၉ ဒေါ်လာဖြင့် အောက်တိုဘာတွင် ဖြန့်ချိရောင်း ချသွားမည်ဟု သိရသည်။

# Internet Journal


Leave a Reply