ပဲခူးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီသို့ ပါတီ၏ မူဝါဒအားနှစ်ခြိုက်သဖြင့်ပါတီဝင်အသစ် ၁၅၀ ကျော် ဝင်ရောက်ခဲ့

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ဥက္ကဌ ဦးမင်းခန့်ကျော် နှင့် မြို့နယ်ပါတီအတွင်းရေးမှူးတို့၏ စီမံလမ်းညွန်မှု မြို့နယ်ကော်မတီဝင်များ ၏စည်းရုံးရေးဆိုင်ရာ မြေပြင်လုပ်ငန်းများအား တစိုက်မတ်မတ်အားသွန်ခွန်စိုက် ကြိုးပမ်းအကောင်အထည်ဖော်မှုများကြောင့် ပဲခူးမြို့နယ်ပြည်ခိုင်ဖြိုးပါတီသို့ ကျောက်တန်းကျေးရွာမှဒေသခံပြည်သူများမှ ဒီဇင်ဘာလ ၁ ရက်နေ့က ပါတီဝင်အသစ် အင်အား ၁၅၀ ကျော်မှ ပါတီဝင်အဆိုပြုလွှာများတင်သွင်းလျှောက်ထားခဲ့သည်။

ပါတီဝင်အသစ်များ အဆိုပြုလျှောက်ထားသောနယ်မြေသို့ မြို့နယ်ပါတီဥက္ကဌ ဦးမင်းခန့်ကျော်နှင့်မြို့နယ် အတွင်းရေးမှူးပါတီ၏တာဝန်ရှိသူများမှနယ်မြေကွင်းဆင်းသွားရောက်ခဲ့ကြသည်။ ရှေးဦးစွာပါတီဥက္ကဌနှင့် တာဝန်ရှိ သူများမှ ပါတီဝင်အသစ်အဆိုပြုလွှာတင်သွင်းသူများအား ကြိုဆိုနှုတ်ဆက်စကားပြောကြားခြင်း ပါတီ၏နိုင်ငံရေးသဘောထား နိုင်ငံရေးရပ်တည်မှု မူဝါဒ သဘောထားများ ပါတီခေါင်းဆောင် အဆင့်ဆင့် ၏ကြိုဆိုအမှာစကားများအား အသီးသီးရှင်းလင်းပြောကြားခဲ့သည် ။ ပါတီ၏ပြည်သူ့အကျိုးပြုလုပ်ငန်း ကိစ္စရပ်များဆောင်ရွှက်ခဲ့မှု တိုင်းဒေသကြီးပါတီဥက္ကဌ၏ ပြည်သူပါတီဝင်အသစ်များအား ကြိုဆို နှုတ်ခွန်း ဆက် စကားများအားအသေးစိတ်ရှင်းလင်းတင်ပြခဲ့ပြီး ပါတီဝင်အသစ်များ၏ကိုယ်စားကျေးရွာ ဒေသခ ံပြည်သူ တစ်ဦးမှ ပါတီသို့ဝင်ရောက်ရခြင်းအကြောင်းအားတင်ပြခြင်း ပါတီရေးရာကဏ္ဍအလိုက်မူဝါဒ ရပ်တည်မှုအပေါ်မိမိတို့ ပြည်သူအများမှ ယုံကြည်သက်ဝင်နှစ်ခြိုက်သဖြင့် ပါတီသို့ဝင်ရောက်ရခြင်း အကြောင်းအား အသေးစိတ်တင်ပြခဲ့ပြီး ပါတီဝင်အဆိုပြုလွှာများအား ကိုယ်တိုင်ဖြည့်စွက်ရေးသား၍ ပါတီဝင် များအဖြစ်အသိအမှတ်ပြုစေရေး မြို့နယ်ပါတီဥက္ကဌထံတင်ပြပေးအပ်လျှောက်ထားခဲ့သည်။

#USDP #Bago