ပဲခူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌနှင့်အဖွဲ့ ဝမ်းဘဲအင်းကျေးရွာရှိပါတီဝင်များနှင့်တွေ့ဆုံဆွေးနွေး

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီ ဥက္ကဌ ဦးမင်းခန့်ကျော် နှင့် မြို့နယ်ပါတီကော်မတီဝင်များသည် ဒီဇင်ဘာလ ၂ ရက်နေ့နံနက်ပိုင်းက ဝမ်းဘဲအင်း ကျေးရွာအုပ်စု ဝမ်းဘဲအင်းကျေးရွာရှိ ပါတီဝင်များနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြသည် ။  တွေ့ဆုံခဲ့ရာ တွင်မြို့နယ်ပါတီတာဝန်ဥက္ကဌမှပါတီမှဆောင်ရွှက်နေသောလုပ်ငန်းကိစ္စရပ်များ ၊ ပါတီ၏ပြုပြင်ပြောင်းလဲ နေမှုများ ၊ ရေးရာကဏ္ဍအလိုက်ဖွဲ့စည်းနေမှု ၊ ပါတီဝင်များစီစစ်စုစည်းနေမှုများအား ရှင်းလင်းပြောကြား ခဲ့သည် ။ ရှင်းလင်းပြောကြားချက်များ အပေါ်တက်ရောက်လာကြသော ပတီဝင်များမှ ရှင်းလင်း ပြောကြား ချက်များအပေါ် တက်ရောက်လာကြသောပါတီဝင်များမှ မေးမြန်းဆွေးနွေးခြင်း အကြံပြု တင်ပြခြင်း တို့အားဆောင်ရွှက်ခဲ့ကြသည် ။ အစည်းအဝေးသို့တက်ရောက်လာကြသူများအား မြို့နယ်ပါတီဥက္ကဌနှင့် မြို့နယ်ပါတီကော်မတီဝင်များမှ အနေကဇာတင်ပြီးသော ဗုဒ္ဓဆင်းတုတော်များအားပေးအပ်လှူဒါန်းခဲ့သည် ။

#USDP #Bago