ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ရှိ လူငယ်၊အမျိုးသမီးရက်တို ဆွေးနွေးပွဲပြုလုပ်ခြင်း

ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ လူငယ်နှင့်အမျိုးသမီး ရက်တိုဆွေးနွေးပွဲအခမ်းအနားကို ၃.၁၂.၂၂ရက်(စနေနေ့) နေ့နံနက်(၉)နာရီက မြို့နယ်ပါတီရုံးခန်းမတွင် ကျင်းပပြုလုပ်ရာ အစီအစဉ်အရ နိုင်ငံတော်အလံ အလေးပြုခြင်းနှင့် နိုင်ငံတော်သီချင်း သီဆို၍ အခမ်းအနားဖွင့်လှစ်ပြီး ဗဟိုကော်မတီဝင် ဒေါ်စန်းစန်းဝင်းက ဆွေးနွေးပွဲသို့ အဖွင့်အမှာစကားပြောကြားသည်။

အဆိုပါ ရက်တိုဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ ဗဟိုကော်မတီဝင်၊ ရန်ကုန်တိုင်းဒေသကြီးပါတီ ကော်မတီ ဝင်(နယ်မြေတာဝန်ခံ)ဒေါ်စန်းစန်းဝင်း ၊ခရိုင်ဥက္ကဋ္ဌဒေါ်ဇာခြည်လင်း၊ အတွင်းရေးမှူး ဒေါ်စန်းစန်းဋ္ဌေး နှင့် ခရိုင်ကော်မတီဝင်များ၊ မြို့နယ် ဥက္ကဋ္ဌဦးသန်းစိုး နှင့် မြို့နယ်ကော်မတီဝင်များ ၊ရပ်ကွက်များမှ လူငယ် အမျိုးသမီး(၂၀)ဦး တက်ရောက်ခဲ့ကြပြီး ရက်တိုဆွေးနွေးပွဲကို (၂)ရက်တာ ကျင်းပမည် ဖြစ်ကြောင်း သတင်းရရှိသည်။