China-Guangxi Inetrnational Youth Exchange Institute မှာ တက်ရောက်ခဲ့တဲ့ ASEAN Young Leaders Training Program ကျောင်းသားဟောင်းများတွေ့ဆုံပွဲ

China-Guangxi Inetrnational Youth Exchange Institute မှာ တက်ရောက်ခဲ့တဲ့ ASEAN Young Leaders Training Program ကျောင်းသားဟောင်းများတွေ့ဆုံပွဲကို နေပြည်တော်မှာရှိတဲ့ ပြည်ခိုင်ဖြိုးပါတီ ဌာနချုပ်၊ သင်တန်းကျောင်းခန်းမမှာ ဒီကနေ့ ဒီဇင်ဘာလ ၃ ရက်နေ့ မနက် ၉ နာရီက ကျင်းပပြုလုပ် ခဲ့ကြပါတယ်။

အခမ်းအနားကို အစီအစဉ် ၂ ရပ်နဲ့ ကျင်းပခဲ့ကြတာဖြစ်ပြီး ပထမပိုင်းအစီအစဉ်မှာတော့ ပြည်ခိုင်ဖြိုး အသင်းနဲ့ ပြည်ခိုင်ဖြိုးပါတီကနေ နှစ်အလိုက် ပညာသင် စေလွှတ်ခံခဲ့ရတဲ့ ကျောင်းသားဟောင်းတွေ တွေ့ဆုံခဲ့ကြတာဖြစ်ပြီး ကျောင်းသားဟောင်းတွေ စုပေါင်းပါဝင်တဲ့ Nanning Youth Leader Alumni (NYLA)ဖွဲ့စည်းရေး ဆွေးနွေးခဲ့ကြပါတယ်။ အဲဒီနောက် နေ့လည်ခင်းမှာ ကျောင်းသားဟောင်းများတွေ့ဆုံပွဲ ဒုတိယပိုင်းအစီအစဉ်ကို ဆက်လက်ပြုလုပ်ခဲ့ရာမှာတော့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီနဲ့ ပါတီဒုတိယ ဥက္ကဋ္ဌတွေ ပါတီအထွေထွေအတွင်းရေးမှူးနဲ့ ဗဟိုအတွင်းရေးမှူးတွေ ဗဟိုအလုပ်အမှုဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။

အခမ်းအနားမှာ ပါတီဥက္ကဋ္ဌ ဦးခင်ရီက အဖွင့်အမှာနှုတ်ခွန်းဆက်စကားပြောကြားခြင်း၊ ပါတီဒုတိယဥက္ကဋ္ဌ ဦးလှထွန်းမှ မိတ်ဆက်အမှာစကား ပြောကြားခြင်း၊ ပါတီဗဟိုအလုပ်အမှုဆောင်များအား မိတ်ဆက်ခြင်း၊ ကျောင်းသားဟောင်းများက သင်တန်းတက်ရောက်ခဲ့ကြရတဲ့ အတွေ့အကြုံတွေ၊ အကြံပြုချက်တွေစတဲ့ သိရှိလိုတာတွေကို မေးမြန်းခဲ့ကြပါတယ်။ အဲဒီနောက် ပါတီဥက္ကဋ္ဌက မေးမြန်းချက်များအပေါ် ပြန်လည် ဖြေကြားပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကာ ကျောင်းသားဟောင်းများက ပါတီဥက္ကဋ္ဌနဲ့ ဒုတိယဥက္ကဋ္ဌ များအား လက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်း၊ ကျောင်းသားဟောင်းများနဲ့ ဖွဲ့စည်းထားတဲ့ (NYLA) အဖွဲ့အား အလှူငွေများ လှူဒါန်းခြင်းတွေ ပြုလုပ်ခဲ့ကြပြီး အမှတ်တရ မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြ ပါတယ်။