“ဒဂုံတောင်ပြည်ခိုင်ဖြိုးပါတီ မြို့နယ်/ရပ်ကျေး လုပ်ငန်းအစည်းအဝေးသို့ ဗဟိုကော်မတီဝင်တက်ရောက်”

ရန်ကုန်တိုင်းဒေသကြီး ၊ ဒဂုံမြို့သစ်ခရိုင်ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၏ မြို့နယ်ကော်မတီ နှင့် ရပ်ကွက်ပါတီကော်မတီများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နေ့လည်( ၁:၀၀ ) ခန့်အချိန်တွင် မြို့နယ်ပါတီရုံး၏  အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ဗဟိုကော်မတီဝင် ၊ ရန်ကုန်တိုင်းဒေသကြီး (အမျိုးသမီးရေးရာတာဝန်ခံ) ဒေါ်စန်းစန်းဝင်းမှ တက်ရောက်၍ အမှာစကားပြောကြားပေးခဲ့သည်။ အခမ်းအနားကိုနိုင်ငံတော်သီချင်းသီဆို၍ စတင်ခဲ့ပြီး ဗဟိုကော်မတီဝင် မှ ယခုကဲ့သို့ရပ်ကွက်ပါတီအဖွဲ့ဝင်များကို စုံစုံလင်လင်တွေ့မြင်ရသဖြင့် ဝမ်းသာမိပြီး မတက်နိုင်တော့သော (မသမာသူများ၏လုပ်ကြံမှုကြောင့်) သေဆုံးသွားရသောပါတီဝင်များအတွက်လည်း နှမျောဝမ်းနည်း စိတ်မကောင်းဖြစ်မိပါကြောင်း ဦးစွာပြောကြားခဲ့ပြီးပါတီ၏လုပ်ငန်းစဉ်များမှာလည်း ဆောင်ရွက်နေရမည် ဖြစ်ကြောင်း ထိုသို့ဆောင်ရွက်ရာတွင်လည်း မိမိတို့၏လုံခြုံရေးအတွက် အသိ၊သတိများဖြင့်ဆင်ခြင်၍ ဆောင်ရွက်ကြစေလိုကြောင်း စသဖြင့် အဖွင့်အမှာစကားပြောကြားပေးခဲ့သည်။ ဆက်လက်ပြီး မြို့နယ် ပါတီဥက္ကဌမှ မြို့နယ်ပါတီဥက္ကဌမှ ရပ်ကက်ပါတီ ဥက္ကဌများ ၊ ကော်မတီဝင်များနှင့်စပ်လျဉ်း၍ မြို့နယ် အတွင်း ဖွဲ့စည်းထားရှိမှုအခြေအနေနှင့် ပါတီလုပ်ငန်းစဉ်များဆောင်ရွက်ထားရှိမှုတို့ကို ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ကာ တက်ရောက်လာသောရပ်ကွက်ပါတီ ဥက္ကဌများမှ မိမိတို့၏ကော်မတီဝင်များနှင့် မိတ်ဆက် ပေးခဲ့ပြီး ရပ်ကွက်များအတွင်းဆောင်ရွက်ထားရှိမှုအခြေအနေများကို တင်ပြဆွေးနွေးခဲ့ပြီး မြို့နယ် နှင့် ရပ်ကွက်ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းများကို ညှိနှိုင်းဆွေးခဲ့ကြပြီး ညေန(၃:၃၀)ခန့်အချိန်တွင် အစည်းအဝေးအောင်မြင်ပြီးမြောက်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးအခမ်းအနားကို မြို့နယ်ပါတီဥက္ကဌ ဒေါ်စမ်းစမ်းဌေး၊အတွင်းရေးမှုးဦးမြင့်အောင် ၊ မြို့နယ်ကော်မတီဝင်များ နှင့် ရပ်ကွက်ပေါင်း ၂၇ရပ်ကွက်မှ ရပ်ကွက်ပါတီဥက္ကဌနှင့်ကော်မတီဝင် (၈၄)ဦးတို့တက်ရောက်ခဲ့ကြသည်။ #Arkar(S/Dagon)