နမ္မတူပြည်ခိုင်ဖြိုးပါတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန်ဆွေးနွေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ္မတူမြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံး၌ မြို့နယ်ဥဣဌ ဦးမြင့်ဝင်း၊ အတွင်းရေးမှူး ဒေါ်စမ်းသွင်၊ မြို့နယ်ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေး၌မြို့နယ် ဥက္ကဋ္ဌမှ ရက် (၉၀)စီမံချက် များနှင့်လမ်းညွှန် (၈)ရပ်အားအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့် လုံခြုံရေး သတိမပေါ့ဆစေရေး တို့ကိုဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် တွေဆုံပြီးဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် ဆွေးနွေးပြောကြားခဲ့ကြကြောင်းသိရှိရပါသည်။