ကနီမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင်၏ဇနီး မကျန်းမာ၍ ထောက်ပံ့ငွေများ ပေးအပ်

 

ကနီ မေ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ကနီမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ကနီမြို့နယ် ကနဲကျေးရွာသို့ သွားရောက်ပြီး ကျန်းမာရေးအတွက် ဆေးရုံသို့ ဆေးကုသမူ ခံယူရန်သွားရောက်မည့် ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင် ဦးအောင်တိုးဆွေ၏ ဇနီးအား သွားရောက်၍ အားပေးစကား ပြောကြားကာ ထောက်ပံ့ငွေများ ပေးအပ်ကြသည်။

ယင်းသို့ သွားရောက်ထောက်ပံ့ရာတွင် ကနီမြို့နယ်ပါတီ နာယက ဦးရှိန်၊ ဥက္ကဋ္ဌ ဦးကျန်ထွန်း၊ အတွင်းရေးမှူး ဒေါ်မာမာဦး၊ ကော်မတီဝင်များနှင့် ဦးစီးရုံးအဖွဲ့များ လိုက်ပါ၍ တွေ့ဆုံအားပေး စကားများ ပြောခဲ့ကြောင်း သိရသည်။

အောင်မျိုးထွန်း(ကနီလူငယ်)